DVB Logo
Home
မြန်မာသတင်း
၂၀၁၅ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၄၂၀၀ ကျော်ရှိ
DVB
·
January 9, 2016
၂၀၁၅ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၄၂၀၀ ကျော်ရှိ
Donate to DVB

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်အတွင်း မြန်မာပြည်အနှံ့ ယာဉ်မတော်တဆမှု ၁၅၀၀၀ ကျော် ဖြစ်ပွားခဲ့ပြီး အဲ့ဒီယာဉ်မတော်တဆမှုအတွင်း လူပေါင်း ၄၂၀၀ ကျော် သေဆုံးခဲ့တယ်လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့က သတင်းထုတ်ပါတယ်။

ယာဉ်မတော်တဆမှုအတွင်း လူသေဆုံးမှုဟာ တနှစ်ထက်တနှစ် တိုးလာနေတယ်၊ ၂၀၁၁ ခုနှစ်မှာ ယာဉ်တိုက်မှုကြောင့် လူ ၂၀၀၀ ကျော်၊ ၂၀၁၂ မှာ ၃၀၀၀ ကျော်၊ ၂၀၁၄ မှာ ၄၀၀၀ ကျော် ရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ရန်ကုန်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့အမှတ် ၂၅ ရဲတပ်ဖွဲ့စုမှူး ဒုရဲမှူး ၀င်းလွင်ကတော့ ယာဉ်မတော်တဆမှုတွေ ဖြစ်ပွားရာမှာ လူ၊ ကားနဲ့ လမ်း ၃ ခုအနက် လူကြောင့်ဖြစ်တာ အများဆုံးလို့ ပြောပါတယ်။

မြန်မာပြည်လူဦးရေ၊ ယာဉ်စီးရေနဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့အင်အား မျှတမှုရှိလားဆိုတော့ စည်းကမ်းရှိရင် မျှတမှု ရှိတယ်လို့ ပြောပါတယ်။

“စည်းကမ်းလိုက်နာတဲ့သူတွေများလာရင်တော့ လက်ရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့အင်အားက လွှမ်းခြုံနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်၊ ဒါပေမယ့် စည်းကမ်းဖောက်ဖျက်သူတွေ များနေသေးရင်တော့ လိုအပ်သေးတယ်လို့ ပြောရမှာပေါ့။”

လမ်းပေါ်ဈေးသည်တွေ ရောက်နေတာကြောင့် လမ်းအပြည့်အ၀ သုံးမရတာဟာလည်း ယာဉ်မတော်တဆမှု ဖြစ်စေတယ်လို့ ပြောပါတယ်။

၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေသစ်အရ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဖောက်ဖျက်သူတွေကို အမြင့်ဆုံးဒဏ်ငွေ ကျပ် သိန်း ၅၀ ထိ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပြီး အရင် ၆၄ မော်တော်ယာဉ်ဥပဒေမှာတော့ အမြင့်ဆုံးဒဏ်ငွေ ကျပ် ၁၅၀၀ ထိပဲ ချမှတ်နိုင်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013