DVB Logo
Home
Lead Story
စပ်ဆေး ဘေးအန္တရာယ်
DVB
·
January 9, 2016
စပ်ဆေး ဘေးအန္တရာယ်
Donate to DVB

ကျန်းမာရေးဝန်ကြီးဌာနကနေ အများအတွက် အသိပေးနှိုးဆော်ချက်သစ်တခု ထုတ်ပြန်လိုက်ပါတယ်။ ဆေး (၉) မျိုးကို မသုံးသင့်ကြောင်းအသိပေး သတိပေးထာတာပါ။ ဆေးတွေက စပ်ဆေးလို့အရပ်ခေါ် ခေါ်မယ်ထင်ပါတယ်။ ဆေးထုပ်တွေတိုင်းမှာ ဆေးတမယ်မက ရောစပ်ထားတယ်။ ဘာဆေးတွေလည်း တိတိကျကျသိဘို့ခက်သေးတယ်။ ရောဂါအညွှန်းတွေကိုဖတ်ရင် အနာသက်သာဆေးတွေချည်းများတယ်။ ကိုယ်ပူ၊ နှာစေး၊ ချောင်းဆိုး၊ အကြောပြေ၊ အဆစ်အမြစ်ကိုက်အတွက်လို့ရေးထားတယ်။ ပန်းနာလည်းပါတယ်။ ပန်းနာနဲ့ အကိုက်အခဲဟာ ဆက်စပ်မှုမရှိပါ။ အရပ်ခေါ် (မှင်) ရောဂါလည်းပါသေးတယ်။ အဲတာလည်း တရပ်မှာတမျိုးခေါ်တယ်။ မေးကြတာ ၄-၅-၆ ယောက် ရှိပြီ။ အဲဒီလွဲမှားတဲ့အကျင့်ကို ပြင်ကြစေချင်ပါတယ်။ ဆရာဝန်ကို ရောဂါနာမည်တပ်မေးတာ မသင့်ပါ။ ဖြစ်နေတာကိုသာ ၁၊ ၂၊ ၃ ပြောပါ။

သတင်းပို့ပေးသူပြောပါတယ်။ ဆေးခန်းသွားပြရင် ၃ဝဝဝ လောက်ကုန်တယ်။ စပ်ဆေးဝယ်သောက်ရင် ၃ဝဝ လောက်ပဲ ကုန်တော့ ဝယ်သောက်ကြတာပဲတဲ့။ ရန်ကုန်နေဆရာဝန်တယောက်က စပ်ဆေးယဉ်ကျေးမှု ထွန်းကားနေတာ နှစ် ၂ဝ လောက်ရှိပြီတဲ့။

အနာသက်သာဆေးတွေက အမျိုးအစားလည်းများတယ်။ အမျိုးအမည်လည်းများတယ်။ ဆေးတွေက စွမ်းတယ်လို့ ပြောရတာတောင် မှားတော့မယ်။ ဓါးထက်ရင် မီးဖိုထဲသုံးတာတော့ ကောင်းပါရဲ့ ရာဇဝတ်မှုအတွက်ပါ သုံးနိုင်တာကို သတိပြုကြစေချင်တယ်။ ဆေးလည်းအဲလိုပဲ။ အကိုက်အခဲတော့ သက်သာစေမယ်။ ဆက်တွဲဖြစ်တာတွေကိုတော့ ခံပေရော့။

လူတွေမှာ နာတယ်ဆိုတာ အာရုံကြောစနစ်ထဲက နာတာနဲ့ပတ်သက်တာကို သက်ရောက်မှုဖိအားခံရလို့ဖြစ်တယ်။ အနာသက်သာဆေးတွေကနေ အဖျားအနား အာရုံကြောတွေဖြစ်ဖြစ်၊ ဗဟိုအာရုံကြောစနစ်ဖြစ်ဖြစ်ကို သက်ရောက်စေတယ်။ ဆေးသဘောချင်း မတူကြပါ။ (ပါရာစီတမော)၊ NSAID (စတီရွိုက်) မပါတဲ့ အနာအရောင် သက်သာဆေးတွေနဲ့ ဘိန်းသဘောပါတဲ့ဆေးတွေဆိုပြီးရှိတယ်။ နာပုံနာနည်းမတူရင် အနာသက်သာဆေး ရွေးပေးရတယ်။ ဘယ်လောက်နာသလည်းအပေါ်နဲ့ အနာအမျိုးအစားအပေါ်မှာ မူတည်ပြီး ဆေးရွေးပေးရပါတယ်။ အခုဟာက လူနာကိုမမြင်ရသေးပဲ ဆေးရွေးပေးထားတယ်။ လက္ခဏာကြည့်ခိုင်းတာ လက်ဝါးမပြခင် ဟောစာတမ်း ပေးသလိုပဲ။


  • (ပါရာစီတမော) မှာ ဘေးထွက်ဆိုးကျိုး သိပ်မရှိပါလို့ယူဆလာရာကနေ နောက်သိလာရတာက  ဆေးများသွားရင်တော့ အသည်းနဲ့ ကျောက်ကပ်မှာ ဆိုးဝါးတာဖြစ်စေနိုင်တယ်။

  • COX-2 inhibitors တွေက NSAIDs တွေရဲ့ ဘေးထွက်ဆိုးကျိုးကို သက်သာအောင် တီထွင်ထားတဲ့ Rofecoxib နဲ့ Celecoxib တွေဖြစ်တယ်။ ထိရောက်တာမှာတူပြီး အစာလမ်းကသွေးယိုမှာ သက်သာစေတယ်။ ဒါပေမဲ့ နောက်ပိုင်း လေ့လာမှုတွေအရ နှလုံးနဲ့ ဦးနှောက်ကို သက်ရောက်မှုဖြစ်စေနိုင်တာ သိလာရတယ်။ Rofecoxib (Vioxx) ကို ရောင်းခွင့်မပြုတော့ဘူး။ Celecoxib ထဲမှာ (ဆာလ်ဖါ) ပါတယ်။ တချို့ကမတည့်ပါ။

  • Morphine, Codeine, Oxycodone, Hydrocodone, Dihydromorphine, Pethidine ဆေးတွေက ဘိန်း၊ ဘိန်းနဲ့ ဆင်တာတွေကနေ ထုတ်လုပ်တာဖြစ်တယ်။

  • Buprenorphine က ဓာတ်ခွဲခန်းမှာထုတ်တဲ့ ဘိန်းဖြစ်တယ်။

  • Tramadol ဆေးက Codeine နဲ့ ဆင်တယ်။

  • Flupirtine (Aminopyridine) ဆေးမှာ ဘိန်းမပါဘူး။

  • Tricyclic antidepressants စိတ်မကျဆေးတွေကိုလည်းသုံးနိုင်တယ်။

  • Paracetamol နဲ့ Codeine လို ရောထားတဲ့ဆေးတွေလည်း ရှိတယ်။

  • Ibuprofen or Diclofenac တွေကို လိမ်းဆေးအဖြစ်လည်းသုံးနိုင်တယ်။

  • Capsaicin ငရုပ်သီးကနေထုတ်တယ်။ ဆေးကပ်ခွါအဖြစ်သုံးတယ်။

  • Lidocaine အဆစ်ထဲထိုးပေးနိုင်တယ်။ ပါးစပ်အနာအတွက်လည်း လိမ်းပေးနိုင်တယ်။

  • Tetrahydrocannabinol (THC) စိတ်ရောဂါအတွက်ဆေး၊ နာတာအတွက်လည်း ပေးတယ်။

  • Ketamine မေ့ဆေးထိုးဆေးကို မတော်မတရားပြုကျင့်ဖို့၊ ပစ္စည်းလုယက်ဖို့ သုံးတယ်။

  • Clonidine ယားတာ၊ စိုးရိမ်တာ၊ သွေးတိုးနဲ့ နာတာတွေအတွက်သုံးတယ်။

  • Mexiletine နှလုံးခုန်မမှန်တာကို အဓိကသုံးတယ်။ နာတာကိုလည်းသက်သာစေတယ်။

  • တခြား အနာသက်သာဆေးတွေကတော့ Nefopam, Orphenadrine, Pregabalin, Gabapentin, Cyclobenzaprine, Scopolamine တွေဖြစ်ကြတယ်။

  • Dextromethorphan ချောင်းဆိုးပျောက်ဆေးဖြစ်တယ်၊ အနာလည်းသက်သာစေတယ်။

  • High-alcohol liquor အရက်အပြင်းကိုလည်း နာတာသက်သာအောင်သုံးတယ်။


အနာသက်သာဆေးကို ဆရာဝန်ညွှန်တဲ့အတိုင်း တိတိကျကျသုံးစွဲရမယ်။ ရက်တိုအတွက်သာသုံးပါ။ ကော်ဖီ၊ (ကိုလာ)၊ ဖျော်ရည်၊ နွားနို့၊ လဖက်ရည်တွေနဲ့ တွဲမသောက်ပါနဲ့။ ဆေးအဆက အနည်းဆုံးဖြစ်သင့်တယ်။ နာတာသက်သာမယ်၊ ဆိုးကျိုးနည်းမယ်။ တချို့မှာ အနာသက်သာဆေးတမျိုးက ပိုသက်သာစေတာဖြစ်နိုင်တယ်။ အဲလိုမတူညီမှုတွေရှိပေမယ်။ ကျန်းမာရေးဝန်ကြီးဌာနကသတိပေးတဲ့ဆေးတွေကို ကိုယ့်မှာဘာဖြစ်နေမှန်း တိတိကျကျမသိပဲသောက်ရင် အကျိုးထက် အဆိုးဖြစ်နိုင်တယ်။

အနာသက်သာဆွေးတွေသုံးရင် အစာလမ်းမှာ သွေးယိုလာမှာကို အထူးသတိထားရမယ်။ သွေးယိုစေနိုင်တာက (ဝါဖရင်) သွေးကျဲဆေး၊ (စတီရွိုက်ဆေး)၊ နှလုံးကို ကာကွယ်ဘို့ သောက်ရတဲ့ (အက်စ်ပရင်) ဆေးတွေနဲ့ အတူသောက်ရင် ပိုဖြစ်စေနိုင်တယ်။ (အက်စပရင်) ကို အသက် ၁၆ နှစ်အောက်မပေးသင့်ဘူး။ နှလုံး (အတက်) ရာမှာနဲ့ (ဆထုပ်) ဖြစ်မှာကိုပါ သတိထားရမယ်။

(စတီရွိုက်) မပါတဲ့ အကိုက်အခဲပျောက်ဆေးတွေကို စနစ်တကျ လေ့လာမှု (မက်တာ-အနာလိုက်ဆစ်) ပြုခဲ့တယ်။ ဒီဆေးတွေကြောင့် နှလုံးသွေးကြောရောဂါဖြစ်လာနိုင်ခြေ အန္တရာယ်နဲ့ သေဆုံးမှု ဆက်စပ်နေတာကို တွေ့ရှိရတယ်။ Naproxen ဆေးကတော့ အသက်သာဆုံးဖြစ်တယ်လို့ ၂ဝ၁၁ ဧပြီလမှာ ထုတ်ပြန်ခဲ့တယ်။

NSAIDs ဆေးတွေဟာ သာမန်နဲ့ အသင့်အတင့် နာတာကိုရော အဆစ်နာရောဂါအတွက် ရေရှည်သုံးဘို့အတွက်ပါ ကောင်းစေတဲ့မှတ်တိုင်ထားရမဲ့ ဆေးဝါးတွေဖြစ်တယ်။ ဒါပေမယ့် ၂ဝဝ၄ ခုနှစ်မှာ COX-2 inhibitor အမျိုးအစားဖြစ်တဲ့ Rofecoxib ဆေးကို နှလုံးသွေးကြောရောဂါနဲ့ဆက်စပ်တာ သိလာရလို့ ဈေးကွက်ကနေဖယ်ရှားလိုက်တယ်။

ဆေးသုတေသနကျယ်ပြန့်တဲ့ လေ့လာမှု လုပ်ခဲ့ပါတယ်။ လေ့လာသူတွေအားလုံးကို ယေဘုယျကျကျ နှစ်တွေနဲ့ချည်ပြီး လေ့လာ မှတ်တမ်းတင်းတယ်။ သတ်မှတ်ထားတဲ့ လူစုကိုသာ လေ့လာမှုပြုတာ မဟုတ်ဘူး။ စမ်းသပ်မှုပေါင်း ၃၁ ခုမှာ လူနာပေါင်း ၁၁၆၄၂၉ ယောက် ပါဝင်ခဲ့တယ်။ ပထမကောက်ချက်မှာ နှလုံးသွေးကြောပိတ်သူတွေထဲက မသေသူရော သေဆုံးသူပါ ပါဝင်တယ်။ ဒုတိယကောက်ချက်မှာ သွေးယိုတာနဲ့ သွေးကောင်းကောင်း မလျှောက်တာတွေထဲက မသေသူရော သေဆုံးသူပါ ပါဝင်တယ်။ ဒါ့ပြင် နှလုံးရောဂါနဲ့ သေဆုံးသူတွေ၊ တခြားအကြောင်းတွေကြောင့် သေဆုံးရသူတွေ၊ သွေးမှုံနည်းတာနဲ့ ဆက်စပ်သူတွေ ပါဝင်သေးတယ်။

ဆေး (၇) မျိုးကိုစမ်းခဲ့တယ်။ Celecoxib, Diclofenac, Etoricoxib, Ibuprofen, Lumiracoxib, Naproxen နဲ့ Rofecoxib တွေဖြစ်တယ်။ တွေ့ရှိချက်တွေကတော့ -

  • Ibuprofen, Celecoxib, Rofecoxib နဲ့ Lumiracoxib တွေက Placebo ဆေးမပေးဘဲနေသူတွေနဲ့စာရင် နှလုံး-သွေးကြောပိတ်တဲ့အန္တရာယ် ပိုများတယ်။

  • ဆေး ၇ မျိုးလုံးက နှလုံးသွေးကြောရောဂါနဲ့ ရင်ပတ်နာတာ ပိုများတယ်။

  • Naproxen ကလွဲရင် ကျန်ဆေး (၆) မျိုးလုံးက နှလုံးသွေးကြောရောဂါကြောင့် သေဆုံးရတာ ပိုများတယ်။

  • ဆေး (၇) မျိုးလုံးက ဘယ်အကြောင်းနဲ့ဖြစ်ဖြစ် သေဆုံးရတာ ပိုများတယ်။

  • ဆေး (၇) မျိုးလုံးက သွေးမှုံနည်းတာနဲ့ ဆက်စပ်မှု ပိုများတယ်။


-NSAIDs တွေရဲ့ ဘေးထွက်ဆိုးကျိုးတွေက အန်၊ ပျို့၊ ဝမ်းချုပ်၊ ဝမ်းပျက်၊ အစားအသောက်ပျက်၊ ခေါင်းကိုက်၊ ခေါင်းမူး၊ အရေပြားအနီပြင်ထွက်၊ အိပ်ချင်။ တချို့ကို ခြေ-လက်ရောင်စေတယ်။ အဆိုးဆုံးဖြစ်စေတာက လေနာ၊ သွေးယိုတာ၊ ကျောက်ကပ်ထိခိုက်တာ၊ ရှားရှားပါးပါး အသည်းထိခိုက်တာ။ ကလေးငယ်တွေကို Aspirin မပေးသင့်ဘူး။ ရေကျောက်နဲ့ တုပ်ကွေး ဖြစ်နေရာကနေ ဒီဆေးပေးရင် Reye's syndrome ခေါ်တဲ့ အသည်းရောဂါရစေနိုင်တယ်။

- Vioxx နဲ့ Bextra တွေကို ဈေးကွက်မှာ ရောင်းခွင့် ပိတ်လိုက်ပြီ။

- Celecoxib (FDA ကနေ စိတ်ချရမှုကို ယူအက်စ်မှာ သတိပေးထားတယ်။)

- Rofecoxib (တရားဝင်ရောင်းချခွင့် ယူအက်စ်မှာ ပိတ်ထားတယ်။)

- Valdecoxib (တရားဝင်ရောင်းချခွင့် ယူအက်စ်မှာ ပိတ်ထားတယ်။)

- Parecoxib (FDA တရားဝင်ရောင်းချခွင့် ယူအက်စ်မှာ ပိတ်ထားတယ်။ ဥရောပမှာရောင်းတယ်။)

- Lumiracoxib (သြစတြေးလျ TGA က ပြန်ပိတ်လိုက်တယ်။)

- Etoricoxib (FDA တရားဝင်ရောင်းချခွင့် ယူအက်စ်မှာ ပိတ်ထားတယ်။ ဥရောပမှာရောင်းတယ်။)

- Nimesulide (အသည်းကိုထိခိုက်စေနိုင်လို့ နိုင်ငံအတော်များများမှာ ပိတ်ထားတယ်။)

အဲလိုအမျိုးမျိုးသောဆေးတွေထဲက ဘယ်ဆေးကို ဆေးအလေးချိန်ဘယ်လောက်မှန်းမသိ ရောထားတဲ့ စပ်ဆေးတွေ သာမကပါ၊ အရပ်ဆေးတွေ၊ ကွမ်းယာဆိုင်ကဆေးတွေ၊ သူများနိုင်ငံတွေကလာလည်း ဆရာဝန်ညွှန်တာမဟုတ်ရင် သတိထားကြပါ။ ဆေးကုသစရိတ်ကြီးတာမှန်ပါတယ်။ တကယ်လို့ ဆေးသောက်တာ လွဲမှားရာကနေ ဆိုးဝါးတာတွေ ဖြစ်လာရင် စရိတ်ပိုကြီးတဲ့အပြင် အသက်ကိုပါရန်ရှာပါလိမ့်မယ်။

ဒေါက်တာတင့်ဆွေ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013