DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲကုန်ကျစရိတ် မတင်သွင်းသူများကို ဇန်န၀ါရီလအတွင်း ခုံရုံးဖွဲ့စစ်ဆေးမည်
DVB
·
January 9, 2016
ရွေးကောက်ပွဲကုန်ကျစရိတ် မတင်သွင်းသူများကို ဇန်န၀ါရီလအတွင်း ခုံရုံးဖွဲ့စစ်ဆေးမည်
Donate to DVB

ရွေးကောက်ပွဲကုန်ကျစရိတ် မတင်သွင်းသူတွေကို ဒီလအတွင်းမှာပဲ ခုံရုံးဖွဲ့စစ်ဆေးတော့မယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးညွန့်တင်က ပြောပါတယ်။

၂၀၁၅ ရွေးကောက်ပွဲပြီးတဲ့နောက် ရွေးကောက်ပွဲကုန်ကျစရိတ် မတင်သွင်းတဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းနဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်ပေါင်း ၂၀၇ ယောက် ရှိတာပါ။

“သူတို့တွေဆီကို စာပို့မယ်။ ဘာကြောင့် အရည်အချင်းပျက်ယွင်းသူအဖြစ် မသတ်မှတ်သင့်သလဲ ဆိုတာကို ထုချေခိုင်းမယ်။ ရောက်မလာခဲ့ဘူး ဆိုရင်တော့ သူတို့ မျက်ကွယ်မှာပဲ ခုံရုံးက ဆုံးဖြတ်မှာပေါ့” လို့ ဦးညွန့်တင်က ပြောပါတယ်။

မတင်သွင်းတဲ့ သူတွေကတော့ ရွေးကောက်ပွဲရှုံးနိမ့်သူတွေပဲ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

မတင်သွင်းတာ အများဆုံးကတော့ ရန်ကုန်က ၃၇ ယောက်၊ ရှမ်းပြည်နယ်က ၃၅ ယောက်နဲ့ ကချင်ပြည်နယ်က ၂၉ ယောက်ဖြစ်ပါတယ်။

နေပြည်တော်နဲ့ ကရင်ပြည်နယ်က ရွေးကောက်ပွဲဝင်တဲ့ သူအားလုံးကတော့ ကုန်ကျစရိတ်တွေကို တင်သွင်းခဲ့ကြပါတယ်။

“တင်သွင်းရမယ်ဆိုတာကို သိကြတယ်။ လွှတ်တော် ကိုယ်စားလှယ်လောင်းရော သူ့ ကိုယ်စားလှယ်ပါ တင်သွင်းရမယ်။ ဒါပေမယ့် မတင်တဲ့သူတွေဟာ နောက်တစ်ခါ ရွေးကောက်ပွဲ မ၀င်တော့ဘူးလို့ ဆုံးဖြတ်လိုက်တာလည်း ဖြစ်နိုင်တယ်” လို့ ဦးညွန့်တင်က ပြောပါတယ်။

မတင်သွင်းတဲ့သူတွေကို လာမယ့်တနင်္လာနေ့ကစပြီး စာနဲ့ပေးပို့အကြောင်းကြားသွားမှာပါ။

ကုန်ကျစရိတ် မတင်သွင်းတဲ့အတွက် လုံလောက်တဲ့ အကြောင်းပြချက် မပေးနိုင်ဘူးဆိုရင်တော့ အရည်အချင်း ပျက်ယွင်းသူအဖြစ် သတ်မှတ်မှာဖြစ်ပြီး ဒဏ်ငွေ ၅၀၀ ကျပ်အထိ ပြစ်ဒဏ်ချမှတ်နိုင်တဲ့အပြင် ရွေးကောက်ပွဲတကြိမ် ပယ်ခံရမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013