DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၏ စွမ်းအင်ဆိုင်ရာ ပင်မစီမံချက် စတင်
DVB
·
January 9, 2016
မြန်မာနိုင်ငံ၏ စွမ်းအင်ဆိုင်ရာ ပင်မစီမံချက် စတင်
1 / 3
Donate to DVB

မြန်မာနိုင်ငံရဲ့ စွမ်းအင်ဆိုင်ရာ ကာလရှည် ပင်မစီမံချက် (Myanmar Energy Master Plan) စတင်တဲ့အကြောင်း ဇန်န၀ါရီ ၇ ရက်နေ့က နေပြည်တော်မှာ ကြေငြာလိုက်ပါတယ်။

တက်ရောက်လာတဲ့ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ဒီပင်မစီမံချက်ဟာ စွမ်းအင်ကဏ္ဍ တခုလုံးအတွက် ဖွံ့ဖြိုးမှုအစီအမံတခု ဖြစ်တဲ့အပြင် တခြားကဏ္ဍနဲ့ စီမံကိန်းတွေကိုပါ ပေါင်းစပ်ပေးတဲ့ အရေးပါတဲ့ စီမံချက်တခု ဖြစ်တယ်လို့ ပြောပါတယ်။

အခန်းကြီး ၇ ခန်း ပါဝင်တဲ့ ဒီစီမံချက်အတွက် မြန်မာနိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက်ကို လာမယ့် ၁၅ နှစ်စာ ၂၀၃၀ ခုနှစ်အထိ ခန့်မှန်း တွက်ချက်ပြီး ရေးဆွဲခဲ့တယ်လို့ ဆိုပါတယ်။

ဒီစီမံချက်နဲ့ ဆက်စပ်နေတဲ့ အမျိုးသား လျှပ်စစ်ဓာတ်အား ပင်မစီမံချက်နဲ့ အမျိုးသား လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေး စီမံချက်တွေကိုလည်း ကမ္ဘာ့ဘဏ်နဲ့ JICA တို့ရဲ့ အကူအညီနဲ့ ရေးဆွဲပြီးပြီလို့လည်း သူက ပြောပါတယ်။

စီမံချက်တွေကြောင့် မြန်မာနိုင်ငံရဲ့ စွမ်းအင် အသုံးပြုနိုင်မှုအပိုင်းမှာ အိမ်နီးချင်း နိုင်ငံတွေကို ရင်ပေါင်တန်း လိုက်နိုင်အောင်လုပ်ပေးနိုင်မယ်လို့ ယုံကြည်တယ်လို့လည်း သူက ပြောပါတယ်။

၂၀၁၁-၁၂ စာရင်းတွေအရ မြန်မာနိုင်ငံဟာ ဒေသတွင်းနိုင်ငံတွေထဲမှာ ထင်း၊ မီးသွေးလို သမားရိုးကျ စွမ်းအင်သုံးစွဲတာ အမြင့်ဆုံးဖြစ်ပြီး လျှပ်စစ်၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့သုံးတာမှာတော့ အနည်းဆုံး ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013