DVB Logo
Home
မြန်မာသတင်း
၂၀၁၅ ခုနှစ်က ကလေး ၁၀၀ ခန့် လူကုန်ကူးခံခဲ့ရ
DVB
·
January 9, 2016
၂၀၁၅ ခုနှစ်က ကလေး ၁၀၀ ခန့် လူကုန်ကူးခံခဲ့ရ
Donate to DVB

မြန်မာနိုင်ငံမှာ ၂ဝ၁၅ ခုနှစ်က လူကုန်ကူးမှု စုစုပေါင်း ၁၃၀ ဖြစ်ခဲ့ပြီး ကလေး ၉၇ ဦး ပါဝင်တယ်လို့ ပြန်ကြားရေးဝန်ကြီးရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

ရှမ်းပြည်နယ်မှာ ၃၉ မှု၊ မန္တလေးတိုင်းမှာ ၁၈ မှု၊ ရန်ကုန်တိုင်းမှာ ၁၇ မှုနဲ့ ကချင်ပြည်နယ်မှာ ၁၅ မှုနဲ့ အများဆုံး ဖြစ်ခဲ့တာပါ။ ကယားနဲ့ ချင်းပြည်နယ်မှာတော့ မဖြစ်ခဲ့ပါဘူး။

ဒီအမှုတွေအတွက် တရားခံ ၃၈၆ ယောက်ရှိခဲ့ပြီး ၂၄၆ ယောက်ကို ဖမ်းဆီရမိခဲ့ပါတယ်။ စုစုပေါင်း လူကုန်ကူးခံရသူပေါင်း ၆၄၁ ယောက်မှာတော့ ၅၆၇ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး ၇၄ ယောက်ကို မကယ်နိုင်ခဲ့ဘူးလို့လည်း ပြန်ကြားရေး သတင်းမှာ ဖော်ပြထားပါတယ်။

ဒီထဲမှာ လူကြီး ၄၉၄ ယောက်၊ လူငယ် အယောက် ၅ဝ နဲ့ ကလေး ၉၇ ယောက် ပါဝင်တာပါ။

တရုတ်နိုင်ငံကို အများဆုံး လူကုန်ကူးခဲ့ပြီး အယောက် ၈ဝ ဖြစ်ပါတယ်။ ပြီးတော့ ထိုင်းနိုင်ငံကို ၁၆ ယောက်၊ မလေးရှားနိုင်ငံကို ၁၃ ယောက်နဲ့ ပြည်တွင်းမှာ ၂၁ ယောက် ကုန်ကူးခံခဲ့ရတာပါ။

လူကုန်ကူးတဲ့ အကြောင်းရင်းတွေကတော့ အဓမ္မလက်ထပ်ခိုင်းစေမှု ၇၄ မှု၊ အဓမ္မခိုင်းစေမှု ၃၃ မှု၊ ပြည့်တန်ဆာ အဖြစ်ခိုင်းစေမှု ၂၁ မှု၊ ကလေးမွေးစားမှု ၁ မှုနဲ့ ကလေး ရောင်းစားမှု ၁ မှု ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013