DVB Logo
Home
Lead Story
ကော့သောင်းတွင် နှုတ်ခမ်းကွဲ ဝေဒနာရှင်များကို အခမဲ့ ခွဲစိတ်ကုသပေး
DVB
·
January 8, 2016
ကော့သောင်းတွင် နှုတ်ခမ်းကွဲ ဝေဒနာရှင်များကို အခမဲ့ ခွဲစိတ်ကုသပေး
1 / 7
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ ခရိုင်ပြည်သူ့ဆေးရုံကြီးမှာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲနဲ့ အရေပြားရောဂါသည်တွေကို ဂျာမနီနိုင်ငံ ခွဲစိတ်အထူးဆရာဝန်ကြီးနဲ့အဖွဲ့က အခမဲ့ ခွဲစိတ်ကုသပေးမှာ ဖြစ်ပါတယ်။

ခွဲစိတ်ပေးမယ့် ရောဂါတွေကတော့ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ အရေပြားပေါ်က အဖုအကြိတ်တွေနဲ့ ကြွက်သားအရေပြား ပျက်စီးတဲ့ ရောဂါတွေကို ခွဲစိတ်ကုသပေးမယ်လို့ ဒီဗွီဘီ နယ်ခံသတင်းထောက်က ပြောပါတယ်။

ခွဲစိတ်ကုသမှုကို ဇန်န၀ါရီ ၈ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ပြုလုပ်ပေးမှာဖြစ်ပြီး တနင်္သာရီတိုင်း တခြားမြို့နယ်တွေဖြစ်တဲ့ မြိတ်၊ ပုလောနဲ့ ထားဝယ်ကနေ လာရောက်မယ့် ဝေဒနာရှင်တွေကိုတော့ လူနာနဲ့ လူနာစောင့်အတွက် ကားခနဲ့ နေထိုင်စားသောက်စရိတ် အခမဲ့ စီစဉ်ပေးသွားမယ်လို့ ဆိုပါတယ်။

ဒီအစီအစဉ်ကို မြန်မာစားဖိုမှူးများအသင်းနဲ့ တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ စေတနာရှင်အလှူရှင်တွေက ကုသိုလ်ပြုအခမဲ့ပြုလုပ်ပေးတာာဖြစ်ပြီး လက်ရှိစာရင်းပေးထားတဲ့ လူနာ ၃၀၀ လောက်ရှိတယ်လို့ သိရပါတယ်။

သတင်းဓာတ်ပုံ - လတ်ကိုကိုဦး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013