DVB Logo
Home
မြန်မာသတင်း
ပေါက်တူးဖြင့် ခုတ်ခံရသည့် ရဲတပ်ကြပ် သေဆုံး၊ တရားခံကို ရွာသားများ ဖမ်းမိ
DVB
·
January 8, 2016
ပေါက်တူးဖြင့် ခုတ်ခံရသည့် ရဲတပ်ကြပ် သေဆုံး၊ တရားခံကို ရွာသားများ ဖမ်းမိ
Donate to DVB

မြန်အောင်မြို့နယ် အင်ပင်ရဲတပ်ဖွဲ့စခန်းအတွင်းမှာ ဒီနေ့မနက်က ဓားခုတ်ခံရတဲ့ ရဲတပ်ကြပ်ကို ရန်ကုန်ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းမှာ သေဆုံးသွားပါတယ်။

ပေါက်တူးဖြင့်ခုတ်ခံရတဲ့ ရဲတပ်ကြပ်ဟာ ဒဏ်ရာပြင်းထန်တာကြောင့် အင်ပင်တိုက်နယ် ဆေးရုံကနေ အရေးပေါ် လူနာတင်ကားနဲ့ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံကြီးကို ပို့ဆောင်နေတုန်း အင်္ဂပူမြို့နယ် အရောက်မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ပေါက်တူးနဲ့ ခုတ်တဲ့ တရားခံ အောင်ကျော်ဝင်းဟာ မြန်အောင်မြို့နယ် ညောင်ခြေထောက်အထက်စုရွာ စမ်းရွာကြီးအုပ်စုမှာ နေထိုင်သူဖြစ်ပြီး ဒေသခံရွာသားတွေ ၀ိုင်းဝန်းဖမ်းဆီးတာကြောင့် အင်ပင်ရဲစခန်းအပိုင် ကုန်းကြီးကျေးရွာ လယ်ကွင်းထဲမှာ ဒီနေ့ နေ့လည်ပိုင်းက ဖမ်းဆီးမိပါတယ်။

ဖြစ်စဉ်မှာ တောင်ရိုးတိုက်နယ်မှာ မူးယစ်ရမ်းကားလို့ ခေါ်ယူထိန်းသိမ်းထားတဲ့ တရားခံနဲ့ မှန်တန်းရွာက တရားခံတို့ကို အင်ပင်ရဲတပ်ဖွဲ့စခန်းရှေ့ ရဲသက်သာစိုက်ခင်းမှာ အလုပ်ခိုင်းစေစဉ် ရဲတပ်ကြပ်နဲ့ မှန်တန်းက တရားခံတဦးကို ပေါက်တူးနဲ့ ခုတ်ပြီး ဒီနေ့ မနက် ၁၀ နာရီလောက်က ထွက်ပြေးသွားခဲ့တာလို့ ဒီဗွီဘီ နယ်ခံသတင်းထောက်က ပြောပါတယ်။

ပေါက်တူးနဲ့ အခုတ်ခံရတဲ့ နောက်တယောက်ဖြစ်တဲ့ မှန်တန်းက တရားခံတဦးကတော့ ဒဏ်ရာစိုးရိမ်စရာ မရှိတဲ့အတွက် အင်ပင်တိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013