DVB Logo
Home
မြန်မာသတင်း
ဘရန်းနယူးမော်ဒယ်သစ်ကားများ ဘယ်မောင်းသာ တင်သွင်းခွင့်ပြုမည်
DVB
·
January 8, 2016
ဘရန်းနယူးမော်ဒယ်သစ်ကားများ ဘယ်မောင်းသာ တင်သွင်းခွင့်ပြုမည်
Donate to DVB

၂၀၁၆ ဇန်န၀ါရီ ၁ ရက်နေ့ကစပြီး ဘရန်းနယူးမော်ဒယ် ကားသစ်တွေ ပြည်ပကနေ တင်သွင်းပါက ဘယ်မောင်းယာဉ်တွေကိုသာ တင်သွင်းကြဖို့ အစိုးရက သတ်မှတ်ကြေညာလိုက်ပါတယ်။

၂၀၁၆ ခုနှစ်အတွက် မော်တော်ယာဉ်တွေ တင်သွင်းခြင်းနဲ့ ထုတ်လုပ်တဲ့ ခုနှစ်သတ်မှတ်ခြင်းတွေနဲ့ စပ်လျဉ်းပြီး ရထားပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ အမိန့်ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ဇန်နဝါရီ ၇ ရက်က ကျင်းပတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးကနေ ပြင်ဆင်သတ်မှတ်လိုက်တာလို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။

ပြင်ဆင်သတ်မှတ်ချက်အသစ်တွေအရ နိုင်ငံခြားငွေစာရင်းဖွင့်ထားတဲ့ လူပုဂ္ဂိုလ်တွေ၊ သင်္ဘောသားတွေ၊ ပြည်ပအလုပ်သမားတွေ၊ ပို့ကုန်သွင်းကုန်ကုမ္ပဏီတွေ၊ ဟိုတယ်ခရီး လုပ်ငန်းရှင်တွေ၊ စစ်သံဝန်ထမ်းတွေအနေနဲ့ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်ထုတ် မော်ဒယ် လူစီးမော်တော်ယာဉ်တွေကို  တင်သွင်းခွင့်ရမှာဖြစ်ပါတယ်။

ခရီးသည်တင် (Express) ကားတွေကတော့ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်ထုတ် ဘယ်မောင်းယာဉ်တွေတင်သွင်းနိုင်ပြီး မြို့တွင်းပြေးဆွဲတဲ့ ခရီးသည်တင် Mini Bus၊ City Bus တွေကတော့ ၂၀၀၆ ကနေ ၂၀၁၆ ထုတ်မော်ဒယ် ဘယ်မောင်းတွေ တင်သွင်းနိုင်ပါတယ်။

ဘရန်းနယူးမော်ဒယ် ကားတွေ တင်သွင်းပါက ဘယ်မောင်းသာတင်သွင်းဖို့နဲ့  ယာဉ်အိုဟောင်းတွေကတော့ ၂၀၀၆ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်ထုတ် မော်ဒယ်ကားတွေအစားထိုး လျောက်ထားနိုင်တယ်လို့ ဆိုပါတယ်။

တက္ကစီအငှားယာဉ်တွေအနေနဲ့ကတော့ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့ရဲ့ ထောက်ခံချက်နဲ့ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်ထုတ် လူစီးမော်တော်ယာဉ်တွေ လျှောက်ထားနိုင်ပါတယ်။

အများပြည်သူတွေရဲ့ အကျိုးအတွက် ခုလိုအစိုးရကပြင်ဆင်သတ်မှတ်လိုက် တာဖြစ်ပြီး၂၀၁၅ ဒီဇင်ဘာအထိ မှတ်ပုံတင်ခွင့်ပြုခဲ့တဲ့ ကားအရောင်းစင်တာတွေ ပြခန်းတွေရဲ့ သွင်းကုန်လိုင်စင်တွေကို ၂၀၁၆ ဒီဇင်ဘာ ၃၀ ရက်အထိ မှတ်ပုံတင်ခွင့်ပြုမယ်လို့လည်း အစိုးရသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013