DVB Logo
Home
မြန်မာသတင်း
ဆူဖန်ဘူရီခရိုင်တွင် မြန်မာအလုပ်သမားတဦး ဆွဲကြိုးချအဆုံးစီရင်
DVB
·
January 7, 2016
ဆူဖန်ဘူရီခရိုင်တွင်  မြန်မာအလုပ်သမားတဦး ဆွဲကြိုးချအဆုံးစီရင်
Donate to DVB

ထိုင်းနိုင်ငံ ဆူဖန်ဘူရီခရိုင် ဆောင်ဖီးနောင့်မြို့နယ် တလာထုခေါဈေးရှိ F&F ကြက်သားရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား မဇင်မာဟာ မိမိကိုယ်ကို ဆွဲကြိုးချ အဆုံးစီရင်သွားပါတယ်။

ထိုင်းနိုင်ငံ နှစ်သစ်ကူးကာလ အလုပ်ပိတ်ရက်တွေအပြီး ဇန်န၀ါရီ ၄ ရက်နေ့က အလုပ်ပြန်ဝင်ချိန်မှာ မဇင်မာဟာ အလုပ်မဆင်းတဲ့အတွက် နောက်တနေ့မှာ သူငယ်ချင်းတွေက သူနေထိုင်ရာ တိုက်ခန်းကို သတင်းသွားမေးစဉ် ဆွဲကြိုးချ သေဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့ ဒီအမှုမှာ ဘာသာပြန်လိုက်ပါကူညီပေးနေတဲ့ မ၀ိုင်က ပြောပါတယ်။

“သူငယ်ချင်းတွေက သူတို့ သူငယ်ချင်း ၂ ရက် အလုပ်လာမဆင်းလို့ စိတ်ပူပြီး အခန်းမှာ လာကြည့်တဲ့အချိန်မှာ သေနေတာတွေ့တယ်ဆိုပြီး ညီမကိုလာပြောတာပေါ့။ သူတို့ သူငယ်ချင်းသေနေတယ်။ အစ်မ တချက်လောက် ကူညီပေးပါဦးဆိုပြီး လာပြောလို့ ညီမက အခန်းပိုင်ရှင်ကို ဖုန်းဆက်ပြီးပြောပေးတာ။ ”

ဒီအမှုဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုဖြစ်တယ်လို့  နယ်မြေခံ ထိုင်းရဲတွေက  ကောက်ချက်ချတယ်လို့လည်း မ၀ိုင်က ပြောပါတယ်။

“ရဲက အမှုဖွင့်တာကတော့ သူ့ကိုသူ သတ်သေတာတဲ့။ သူတို့အကုန်လုံး စစ်ဆေးချက်အရ သူ့ကိုယ်သူ သတ်သေတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခန်းတံခါး ပိတ်ထားတယ်လေ။ အထဲမှာ သူ့ဘာသူ ဆွဲကြိုးချပြီးမှ သေတာလေ။ အပြင်ကနေ ပိတ်ထားတာလည်းမရှိဘူး။ သော့တွေလည်း သူ့အခန်းမှာ အကုန်လုံးပဲ။ ပစ္စည်းတွေ အစုံပဲ ရှိတယ်လေ။ ပြီးတော့ အထဲမှာ ဟန်ပျက်တာတွေ ဘာတခုမှ မရှိဘူး။”

မဇင်မာဟာ အရင်က ယောက်ျားဖြစ်သူနဲ့ အတူနေထိုင်ခဲ့ပြီးနောက်ပိုင်းမှာ ယောက်ျားက ထွက်သွားခဲ့တဲ့အတွက် တဦးတည်းနေထိုင်နေတာဖြစ်ပါတယ်။

လောလောဆယ်မှာတော့ သူရဲ့ ကျန်ရစ်တဲ့ရုပ်အလောင်းကို အနီးနားက ဘုန်းကြီးကျောင်းမှာပဲ ထားရှိပါတယ်။  သူရဲ့ ဆွေမျိုးတွေကို ဆက်သွယ်လို့ မရသေးတဲ့အတွက် မြန်မာသံရုံးကို အကြောင်းကြားထားပြီး သံရုံးက စစ်ဆေးပြီး ခွင့်ပြုရင်တော့ မီးသင်္ဂြိုဟ်ဖို့ ရှိပါတယ်။

သေဆုံးသူ မဇင်မာဟာ ပဲခူးတိုင်း နတ္တလင်းမြို့နယ် ကျောင်းကုန်ရွာမှာ နေထိုင်တယ်လို့ သူ့ရဲ့ မှတ်ပုံတင်မှာ ဖော်ပြထားပါတယ်။ ၁၉၉၀ ပြည့်နှစ်မှာ မွေးဖွားသူဖြစ်ပြီး လက်ရှိ သူအလုပ်လုပ်တဲ့ ကြက်ရုံမှာ ပြီးခဲ့တဲ့နှစ် မေလ လောက်က အလုပ်စ၀င်ခဲ့တာလို့ သူရဲ့ စာရွက်စာတမ်းတွေအရ သိရပါတယ်။

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013