DVB Logo
Home
မြန်မာသတင်း
မြန်မာအလုပ်သမားများကို ထိုင်ဝမ်ခေါ်ယူမည်
DVB
·
January 7, 2016
မြန်မာအလုပ်သမားများကို ထိုင်ဝမ်ခေါ်ယူမည်
Donate to DVB

ထိုင်ဝမ်နိုင်ငံကနေ မြန်မာနိုင်ငံက အလုပ်သမားတွေကို လာမယ့် ဇွန်လက စတင်ပြီး တရားဝင် ခေါ်ယူသွားဖို့ရှိနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးရဲ့ပြောဆိုချက်ကို ကိုးကားပြီး ထိုင်ဝမ်ထုတ် The China Post သတင်းမှာဖော်ပြပါတယ်။

ထိုင်ဝမ်အနေနဲ့ မြန်မာအလုပ်သမားတွေကို ၂၀၁၆ ခုနှစ် နှစ်ဝက်မှာ စတင် အစမ်းခေါ်ယူသွားဖို့ အစီအစဉ်ရှိနေတဲ့အကြောင်း ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လင်းက ထိုင်ဝမ်သတင်းစာကို အတည်ပြုပြောခဲ့တာပါ။

ဘယ်လိုလုပ်ငန်းအမျိုးအစားတွေမှာ မြန်မာအလုပ်သမားတွေကို အရေအတွက် ဘယ်လောက်ထိ  ခေါ်ယူခန့်ထားမယ်ဆိုတာကိုတော့ ဖော်ပြခြင်းမရှိပါဘူး။

ထိုင်ဝမ် လျှပ်စစ်ကုမ္ပဏီတွေအနေနဲ့  မြန်မာအလုပ်သမားတွေကို ငှားရမ်းအလုပ်ခန့်ထားသွားမှာဖြစ်ပြီး စည်းမျဉ်းစည်းကမ်းတွေ အတိအကျကိုတော့ အလုပ်သမားဝန်ကြီးဌာနက ရေးဆွဲဖို့ရှိတယ်လို့ သတင်းမှာရေးပါတယ်။

မြန်မာအစိုးရကလည်း မြန်မာတွေကို  ထိုင်ဝမ်မှာ အလုပ်သွားလုပ်ခွင့်ပြုဖို့ ဆန္ဒရှိနေပြီး မြန်မာအလုပ်သမားတွေရဲ့ အရည်အချင်းနဲ့ ယဉ်ကျေးမှု ဓလေ့စရိုက်တွေဟာ ထိုင်ဝမ်ရဲ့ လိုအပ်ချက်နဲ့ ကောင်းကောင်း အံဝင်မယ့်ပုံရှိတယ်လို့  ထိုင်ဝမ်နိုင်ငံခြားရေးဌာနက ပြောပါတယ်။

ယခင်စစ်အစိုးရလက်ထက်က မြန်မာနိုင်ငံသားတွေ ထိုင်ဝမ်နိုင်ငံကို တရားဝင်သွားရောက် ခွင့်ပိတ်ပင်ခံထားရပြီး သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၅ ဇွန်လက မြို့တော် ထိုင်ပေမှာ  မြန်မာနိုင်ငံဆိုင်ရာ ကုန်သွယ်ရေးရုံး အစိုးရက ဖွင့်လှစ်ခဲ့ပါတယ်။

လက်ရှိ ထိုင်ဝမ်နိုင်ငံမှာ အရှေ့တောင်အာရှက အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေက အလုပ်သမားတွေ လာရောက်အလုပ်လုပ်ကိုင်နေကြပြီး အိမ်အကူ အလုပ်သမားတွေ အများစုကတော့ အင်ဒိုနီးရှားနိုင်ငံကဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013