DVB Logo
Home
မြန်မာသတင်း
ဆောင်းရာသီမုန်တိုင်းကြောင့် ဆီးရီးယား ဒုက္ခသည်စခန်း အခြေအနေ ဆိုးဝါး (ရုပ်သံ)
DVB
·
January 7, 2016
ဆောင်းရာသီမုန်တိုင်းကြောင့် ဆီးရီးယား ဒုက္ခသည်စခန်း အခြေအနေ ဆိုးဝါး (ရုပ်သံ)
Donate to DVB

ဆီးရီးယားနိုင်ငံတွင်း အားကောင်းတဲ့ ဆောင်းရာသီမုန်တိုင်းတခုကြောင့် နှင်းတွေ အကြီးအကျယ် ကျဆင်းနေတာပါ။

လာတာကီယာ ဒုက္ခသည်စခန်းထဲမှာ ဇန်နဝါရီ ၅ ရက်နေ့က ရိုက်ကူးထားတယ်ဆိုတဲ့ ရုပ်သံတခု လူမှုကွန်ရက် မီဒီယာပေါ် ရောက်လာပါတယ်။

ဒုက္ခသည် အများအပြားဟာ ယာယီတဲတွေထဲမှာ နေရပြီး တချို့တဲတွေက ကြော်ငြာဆိုင်းဘုတ်တွေက ယူထားရတဲ့ သစ်သားတွေ ပလတ်စတစ်စတွေနဲ့ လုပ်ထားရ တာပါ။

စခန်းထဲက အခြေအနေက ဆင်းရဲလွန်းတယ်။ အပူပေးစက်တွေ ထင်းတွေလည်း မရှိဘူးလို့ ဒုက္ခသည် တယောက်က ရုပ်သံထဲမှာ ပြောထားပါတယ်။

သူတို့ဟာ တာ့ခ်မန်တောင်ပေါ်ကနေ ရောက်နေတဲ့ ဒုက္ခသည်တွေ ဖြစ်ပြီး ဒီမှာ ရောက်နေတာ ၄ နှစ် ရှိပြီး ကယ်ဆယ်ထောက်ပံ့ရေးက ဒုက္ခသည်အသစ်တွေဆီကိုပဲ ရောက်တယ်။ ပြတ်လပ်နေတာတွေ အများကြီး ရှိတယ်။ အခြေအနေ အရမ်းဆိုးနေလို့ ဒုက္ခသည်အခွင့်အရေးကို စိုးရိမ်သူတွေကို တောင်းဆိုတယ်လို့ သူကပြောပါတယ်။

ဆီးရီးယားနိုင်ငံဟာ ဇန်နဝါရီ လအစပိုင်းတည်းက အာတိတ်မုန်တိုင်းတခု ဝင်ရောက် တိုက်ခတ်တာ ခံနေရလို့ နိုင်ငံမြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ နှင်းတွေကျခဲ့တယ်လို့ မိုးလေ၀သ၀က်ဆိုဒ်ဖြစ်တဲ့ Arabiaweather.com က ဆိုပါတယ်။

ဒီသီတင်းပတ် နှောင်းပိုင်းမှာ ပြင်းထန်တဲ့ နှင်းကျမှုတွေ တကျော့ပြန် လာမယ်လို့ မျှော်လင့် ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013