DVB Logo
Home
မြန်မာသတင်း
ဒေါ်စုအတွက် ဆက်လျှောက်နေပါသီချင်း စပ်ဆိုခဲ့သူ အဆိုတော် ဘိုနို မြန်မာနိုင်ငံရောက်ရှိ
DVB
·
January 7, 2016
ဒေါ်စုအတွက် ဆက်လျှောက်နေပါသီချင်း စပ်ဆိုခဲ့သူ အဆိုတော် ဘိုနို မြန်မာနိုင်ငံရောက်ရှိ
1 / 2
Donate to DVB

အိုင်ယာလန်အခြေစိုက် ကမ္ဘာကျော်ရောခ့်တေးဂီတအဖွဲ့ U2 အဖွဲ့ဝင်အဆိုတော် ဘိုနိုဟာ ဇန်န၀ါရီ ၄ ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီး ပုဂံနဲ့ ရှမ်းပြည်နယ်တွေကို သွားရောက်လည်ပတ်နေတယ်လို့ သိရပါတယ်။

600698_10154398733476686_4787647129934505725_nပုဂံနေ၀င်ချိန် ဓာတ်ပုံကို ဇန်န၀ါရီ ၅ ရက်နေ့မှာ U2 အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်မျက်နှာမှာ တင်ခဲ့တာကြောင့် ဘိုနို မြန်မာပြည်ရောက်နေလားဆိုတဲ့ သတင်းတွေ မြန်မာနိုင်ငံရဲ့ ဖေ့ဘုတ် အင်တာနက် သုံးစွဲသူတွေကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။

အဆိုတော် ဘိုနိုဟာ ဇန်န၀ါရီ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ ပုဂံရှိ Bagan Thiripyitsaya Sanctuary Resort မှာ တည်းခိုခဲ့ပြီး ဇန်န၀ါရီ ၆ ရက်နေ့မှာ ရှမ်းပြည်နယ်ကို သွားရောက်လည်ပတ်ခဲ့တာပါ။

ဘိုနိုဟာ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ဝင်တဦးဖြစ်ပြီး ၂၀၀၉ ခုနှစ်က မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ အမြင့်ဆုံးဆု Ambassador of Conscience ကို ဒဗလင်မြို့မှာ ချီးမြှင့်ခဲ့သူ ဖြစ်ပါတယ်။

သူဟာ မြန်မာ့အတိုက်အခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် အမှတ်တရအားပေးစပ်ဆိုထားတဲ့ “ဆက်လျှောက်နေပါ” ဆိုတဲ့ သီချင်းကို သီဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ဘယ်သူဖြစ်တယ်ဆိုတာကို နိုင်ငံတကာကသိအောင် ပြောပြခဲ့သူလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013