DVB Logo
Home
မြန်မာသတင်း
ဝန်ထမ်းများကို ကုသမှု ၈ မျိုး အခမဲ့ကုသပေးနေ
DVB
·
January 6, 2016
ဝန်ထမ်းများကို ကုသမှု ၈ မျိုး အခမဲ့ကုသပေးနေ
Donate to DVB

နိုင်ငံ့ဝန်ထမ်းတွေကို အစိုးရဆေးရုံတွေမှာ ကုသမှု ၈ မျိုးကို ပြီးခဲ့တဲ့ ၂၀၁၅ ဧပြီကစပြီး အခမဲ့ ကုသပေးနေပါတယ်။

နိုင်ငံ့ဝန်ထမ်းတွေကို အခမဲ့ ဆေးကုသပေးဖို့ ကျန်းမာရေးဝန်ကြီးဌာနက ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းက ပြုလုပ်ခဲ့တဲ့ လွှတ်တော်မှာ ဘတ်ဂျက်ငွေ တောင်းခံခဲ့ပြီး ၂၀၁၅ ခုနှစ် ဧပြီလကတည်းက အခမဲ့ ကုသပေးခဲ့တာလို့ ကျန်းမာရေးကုသရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြ၀ဏ္ဏစိုးက ပြောပါတယ်။

“၂၀၁၅ ဧပြီက စပါတယ်။ နိုင်ငံ့ဝန်ထမ်း ဆေးကုသစရိတ်ဆိုပြီးတော့ ကျနော်တို့ကို ကျပ် ၃၇ ဘီလီယံ ချထားပေးပါတယ်။ သူက ၀န်ထမ်းတယောက်ကို ပျမ်းမျှ ၄၀၀၀၀ နှုန်း၊ ၉သိန်းနဲ့ တွက်လိုက်ပြီးတော့ ချပေးပါတယ်၊ အဲ့ဒီဟာကို ကျနော်တို့ ဆေးရုံတွေရဲ့ ဆေးဝါးဝယ်ယူစရိတ် ရန်ပုံငွေထဲ ထည့်ပြီတော့ နိုင်ငံ့ဝန်ထမ်းတွေ လာလို့ရှိရင် အခမဲ့ ကုပေးပါဆိုပြီးတော့ ဆောင်ရွက်နေပါတယ်။”

နှစ်ပေါင်း ၂၀ ကျော်ကြာ ပျောက်ကွယ်ခဲ့တဲ့ နိုင်ငံ့ဝန်ထမ်းကို အခမဲ့ ဆေးကုသပေးရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ကို ပြန်လည်အကောင်အထည်ဖော် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ခွဲစမ်းသပ်မှုအားလုံး၊ ဓာတ်မှန်ရိုက်ခြင်း၊ ဆေး အလကားပေးခြင်း၊ ရေရှည်ပေးရမယ့် သွေးတိုး၊ နှလုံး၊ ဆီးချိုနဲ့ ကင်ဆာရောဂါအတွက် စတဲ့ ဆေးတွေကို စဉ်ဆက်မပြတ် ထုတ်ပေးခြင်း၊ ခွဲစိတ်ကုသမှုအားလုံး၊ ၀န်ထမ်းအမျိုးသမီး မီးဖွားခြင်းနဲ့ ကလေးကုသခြင်း၊ မှန်ပြောင်းကြည့်တာမျိုးနဲ့ ကျောက်ကပ်ဆေးတာမျိုးလို အထူးကုသပေးခြင်း၊ သွားနှုတ်ခြင်းနဲ့ သွားဖာခြင်း စတဲ့ ကုသမှုတွေကို အခမဲ့ ကုသပေးမှာ ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနအောက်မှာ ရှိတဲ့ ဗဟိုအဆင့်ဆေးရုံကြီးတွေ၊ ပြည်နယ်နဲ့ တိုင်း ခရိုင်အဆင့်နဲ့ တိုက်နယ်ဆေးရုံအားလုံးတို့မှာ ၀န်ထမ်းတွေကို အခမဲ့ကုသပေးနေတာ ဖြစ်ပါတယ်။

ပြည်သူတဦးချင်းစီအတွက် ကျန်းမာရေးအသုံးစရိတ်ကျခံသုံးစွဲမှု  ၁ နှစ်ကို အနည်းဆုံး အမေရိကန်ဒေါ်လာ ၃၀ ကနေ ၄၅ ဒေါ်လာအထိ ရှိသင့်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အကြံပြုထားတာ ဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ ပြည်သူတဦးချင်းအတွက် ကျန်မာရေး စရိတ်သုံးစွဲမှု ၁ နှစ် အမေရိကန်ဒေါ်လာ ၁၁ ဒေါ်လာနှုန်းလောက်ပဲ ရှိနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013