DVB Logo
Home
မြန်မာသတင်း
မတူကွဲပြားနေသည့် ပင်စင်လစာများ ပြင်ဆင်မည်မဟုတ်
DVB
·
January 6, 2016
မတူကွဲပြားနေသည့် ပင်စင်လစာများ ပြင်ဆင်မည်မဟုတ်
Donate to DVB

အငြိမ်းစားဝန်ထမ်းတွေရဲ့ ပင်စင်လစာတွေ မတူညီပဲ ကွဲပြားနေပေမယ့် ပြင်ဆင်ပေးဖို့ အစီအစဉ် မရှိသေးဘူးလို့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က ပြောပါတယ်။

ဇန်န၀ါရီ ၅ ရက်က ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ကိုယ်စားလှယ် တဦးရဲ့ အမေးကို ဖြေကြားခဲ့တာပါ။

၂၀၁၅ ခုနှစ် ဧပြီ ၁ ရက် နောက်ပိုင်း ပင်စင်ခံစားတဲ့ ၀န်ထမ်းတွေနဲ့ အဲဒီအရင် ပင်စင်ယူခဲ့ သူတွေဟာ ပင်စင်လစာတွေ မတူညီဘဲ ဖြစ်နေတာပါ။

၂၀၁၅ ခုနှစ် ဧပြီ ၁ ရက် နောက်ပိုင်း ပင်စင်ယူတဲ့သူတွေကို လစာ × လုပ်သက် × ၁. ၅ ရာခိုင်နှုန်းနဲ့ တွက်ပေးပြီး အဲဒီမတိုင်ခင်က ယူခဲ့သူတွေကိုတော့ လက်ရှိပင်စင်လစာနဲ့ ထပ်တိုးတဲ့ လစာကျပ် ၄၅၀၀၀ အပေါ် မူတည်တွက်ချက်ပြီး ထပ်ပေါင်းပေးနေတာပါ။

နိုင်ငံတော်ရဲ့ ဘဏ္ဍာရေးအခြေအနေ၊ အငြိမ်းစားဝန်ထမ်းအရေအတွက်နဲ့ လစာစရိတ် အခြေအနေတွေကို နှိုင်းယှဉ်သုံးသပ်ပြီးမှ ဆောင်ရွက်နေရတာကြောင့် လတ်တလောမှာတော့ အငြိမ်းစား ၀န်ထမ်းတွေရဲ့ ပင်စင်လစာကို ပြင်ဆင်ဖို့ အစီအစဉ်မရှိပါဘူးလို့ ဒု ၀န်ကြီးက ဖြေပါတယ်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ပင်စင်လစာနဲ့ ဆုကြေးအတွက် ၃၅၂ ဘီလီယံ (ကျပ်သိန်းပေါင်း ၃၅၂ သိန်း) သုံးခဲ့ပြီး ၂၀၁၅ ခုနှစ် ဧပြီမှာ နိုင်ငံ့ဝန်ထမ်းတွေရဲ့ လစာနှုန်းထားတွေ တိုးမြှင့်ခဲ့လို့ ကျပ် ၆၅၁ ဘီလီယံ (ကျပ်သိန်းပေါင်း ၆၅၁ သိန်း) သုံးခဲ့တယ်လို့လည်း ဒု-၀န်ကြီးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013