DVB Logo
Home
မြန်မာသတင်း
ကလေးငယ်နှိပ်စက်ခံရမှုနှင့်ပတ်သက်ပြီး ဗိုလ်မှူးကျော်နုမော်ကို ရုံးချိန်းထပ်ရွှေ့
DVB
·
January 6, 2016
ကလေးငယ်နှိပ်စက်ခံရမှုနှင့်ပတ်သက်ပြီး ဗိုလ်မှူးကျော်နုမော်ကို ရုံးချိန်းထပ်ရွှေ့
Donate to DVB

ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တဲ့ ၈ နှစ်အရွယ် ကလေးငယ်နှိပ်စက်ခံရတဲ့အမှုနဲ့ ပတ်သက်ပြီး ဗိုလ်မှူး ကျော်နုမော်ကို စစ်ဆေးဖို့ ကျန်ရှိနေသေးတာကြောင့် ရုံးချိန်းကို ဇန်န၀ါရီ ၁၈ ရက်နေ့ ထပ်မံရွှေ့ဆိုင်းလိုက်ပါတယ်။

ဗိုလ်မှူးကျော်နုမော်ကို စစ်ဆေးဖို့ ဗဟန်းရဲစခန်းက ဆောင်ရွက်ဆဲ ဖြစ်တယ်လို့ ဇန်န၀ါရီလ ၅ ရက်နေ့က ၃ ကြိမ်မြောက် ရုံးထုတ်ရာမှာ တရားသူကြီး ဦးကျော်နိုင်လတ်က ပြောပါတယ်။

ကလေးငယ်ကို ရိုက်နှက်မှုနဲ့ ဗဟန်းမြို့နယ်ရဲစခန်းက အိမ်ဖော်ဒေါ်သန်းနွဲ့ကို ကလေးသူငယ် ဥပဒေ ပုဒ်မ ၆၆ (ဃ)နဲ့ အရေးယူထားတဲ့အပြင်  ဗိုလ်မှူးကျော်နုမော်ရဲ့ဇနီးနဲ့ ယောက္ခမတို့ကိုလည်း ဗဟန်းမြို့နယ်တရားရုံးက ဆက်စစ်ဆေးနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလလယ်လောက်က ကလေးငယ်တဦးကို လက်ပြန်ကြိုးတုတ်ပြီး အပြစ်ပေးနေတဲ့ပုံတွေ လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့လာခဲ့ပြီးတဲ့နောက်မှာ အခုလို တရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့မြို့ အချို့မှာ ဒီလိုမျိုးအိမ်အကူကလေးတွေကို ညှဉ်ပန်းနှိပ်စက်တဲ့အမှုမျိုးတွေ မကြာခဏဖြစ်နေပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ ကလေးသူငယ် ကာကွယ်စောင့်ရှောက်မှု အပိုင်းအားနည်းနေတယ်လို့ လူမှုရေးအသင်းအဖွဲ့တွေနဲ့ ဥပဒေပညာရှင်တချို့က ဝေဖန်နေကြ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013