DVB Logo
Home
မြန်မာသတင်း
အယုဒ္ဓယမြို့တွင် ဆောက်လက်စတံတားပြိုကျ၊ မြန်မာအလုပ်သမားများ အပါအ၀င် ၁၂ ဦး ဒဏ်ရာရ
DVB
·
January 5, 2016
အယုဒ္ဓယမြို့တွင် ဆောက်လက်စတံတားပြိုကျ၊ မြန်မာအလုပ်သမားများ အပါအ၀င် ၁၂ ဦး ဒဏ်ရာရ
1 / 4
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယခရိုင် အယုဒ္ဓယမြို့ ဆမ်ဖောင်းလုမ်ရပ်ကွက်ထဲမှာ ဇန်န၀ါရီလ ၅ ရက် မနက် ၁၀ နာရီ ၄၅ မိနစ်အချိန်က ဆောက်လက်စ ကွန်ကရစ်တံတားရဲ့ အစိပ်အပိုင်း တခုပြိုကျပြီး မြန်မာအလုပ်သမား ၄ ဦးအပါအ၀င် စုစုပေါင်း လူ ၁၂ ဦးထိခိုက်ဒဏ်ရာရ သွားတယ်လို့ ဒေးလီးန ယူးစ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

အဲဒီတံတားကြီးဟာ မယ်နမ့်ကျောက်ဖရားမြစ်ပေါ်မှာတည်ရှိပြီး မူလတံတားငယ်ကနေ တံတားကြီး အဖြစ်တိုးချဲ့ပြင်ဆင်နေတာဖြစ်ကြောင်း၊ တံတားကြီးအတွက် အကျယ် ၂ မီတာခွဲ အရှည် ၉ မီတာရှိ ကွန်ကရစ်အပိုင်းကြီး ၉ ခုဆက်စပ်တည်ဆောက်ဖို့ဖြစ်ကာ အခုပြိုကျခဲ့ တာကတော့ ၉ ပိုင်းထဲက တပိုင်းဖြစ်ပြီး ၀န်ချီကရိန်းကြီးတခုပါ ပြုတ်ကျလာတဲ့အတွက် အဲဒီ အနီးတ၀ိုက်က လူနေအိမ်တချို့ ပျက်စီးသလို လူ ၁၂ ဦးပါ ဒဏ်ရာရခဲ့တာလို့ ဆောက်လုပ်ရေး တာဝန်ခံတဦးက သတင်းထောက်တွေကို ပြောပါတယ်။

ဒဏ်ရာရသူတွေထဲမှာ မြန်မာအလုပ်သမား ၄ ဦး၊ ကမ္ဘောဒီးယား ၅ ဦးနဲ့ ထိုင်းလူမျိုး ၁ ဦး ပါဝင်ကြောင်း၊ သူတို့အားလုံးကို အယုဒ္ဓယခရိုင်ဆေးရုံကြီးကို ပို့ဆောင်ထားပြီး တစ်ဦးက ဒဏ်ရာပြင်းထန်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

တံတားပျက်ရခြင်းအကြောင်းကို သက်ဆိုင်ရာက စိစစ်နေပြီး အဲဒီနေရာအနီးတ၀ိုက် ဖြတ်သန်းသွားလာခွင့်တွေလည်း ပိတ်ပင်ထားလိုက်တယ်လို့ အယုဒ္ဓယခရိုင်ရဲတပ်ဖွဲ့က ဒုရဲမှူး ၀ုတ်တဖတ်ချွေ့ခစ်က သတင်းထောက်တွေကို ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013