DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲကြောင့် ရခိုင်စစ်ပြေးဒုက္ခသည် ၁၀၀ ကျော် အိမ်မပြန်နိုင်သေး
DVB
·
January 5, 2016
တိုက်ပွဲကြောင့် ရခိုင်စစ်ပြေးဒုက္ခသည် ၁၀၀ ကျော် အိမ်မပြန်နိုင်သေး
1 / 5
Donate to DVB

ရခိုင်ပြည်နယ်အတွင်း အစိုးရတပ်နဲ့ ရက္ခိုင့်တပ်မတော်(အေအေ)တပ်ဖွဲ့တွေအကြား လတ်တလော ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ဒေသခံ ၁၀၀ ကျော် စစ်ဘေးထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး အခုချိန် အိမ်မပြန်နိုင်သေးပဲရှိနေကြပါတယ်။

မြောက်ဦးနဲ့ ကျောက်တော်မြို့နယ်စပ်ကြားက ဗာအီရွာနဲ့ သံတံတားကျေးရွာက ဒေသခံတွေဟာ ဒီဇင်ဘာ ၂၉ ရက်ကတည်းက ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိ မြောက်ဦးမြို့နယ် စေတီချောင်နဲ့ ကျီရာပြင်ကျေးရွာမှာ လာရောက် ခိုလှုံနေကြတယ်လို့ စစ်ရှောင်ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဦးမောင်ဝင်းလှိုင်က ပြောပါ တယ်။

“အခု စစ်ဘေးရှောင်တွေက မြောက်ဦးမြို့နယ် ကျီရာပြင်ဆိုတဲ့ရွာမှာ လူ ၇၀ ရှိပါတယ်။ သူတို့က သံတံတားကပါ။ နောက်တစ်နေရာက မြောက်ဦးမြို့နယ် စေတီ ချောင်မှာ ၆၄ ယောက်ရှိပါတယ်။ သူတို့က ဗာအီရွာကလာပါ။”

ထွက်ပြေးတိမ်းရှောင်နေတဲ့သူတွေကို ဒေသခံ လူမှုကူညီရေးအသင်းတွေကပဲ ကူညီ ကယ်ဆယ်ပေးနေရပြီး တိုက်ပွဲဖြစ်သံတွေကြားနေရသေးတဲ့အတွက် မပြန်ရဲသေး ဘူးလို့ ဗာအီရွာကနေ ထွက်ပြေးလာတဲ့ ကိုအောင်ကျော်သိန်းက ပြောပါတယ်။

“ကျနော်တို့ရွာအနီးနားမှာ သေနတ်သံတွေကြားတယ်၊ ကျနော်တို့က ကြောက်ပြီးထွက်ပြေးလာ တာပေါ့။ ဘယ်သူနဲ့ပစ်လဲတော့မသိဘူး။ ကျနော်တို့ သေနတ်သံကြာလို့ ထွက်ပြေးလာတာဗျာ။ အခုကျနော်တို့ ပြန်လို့မရသေးဘူးဗျာ။ အဲဒီနေရာကို ပြန်ဖို့သွားလာလို့မရဘူးဖြစ်နေတယ်။ ကျနော်တို့ကတော့ အေးချမ်းရင်ပြန်မှာပေါ့။ အခုအေးချမ်းရင် အခုပြန်ချင်တာ။”

ဗာအီရွာမှာ ရွာသားတွေဟာအရင်က တိုက်ပွဲဖြစ်ပြီး ထွက်ပြေးခဲ့ကြရာမျိုးမရှိဘဲ အခုမှ ပထမဆုံးအကြိမ် ထွက်ပြေးတိမ်းရှောင်နေရတာလို့လည်းဆိုပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ) တို့ အကြားပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့က စတင် တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013