DVB Logo
Home
မြန်မာသတင်း
လွတ်လပ်ရေးနေ့တွင် ဂုဏ်ထူးဆောင်ဘွဲနှင့်တံဆိပ် ၁၀၀ ခန့် အပ်နှင်း
DVB
·
January 5, 2016
လွတ်လပ်ရေးနေ့တွင် ဂုဏ်ထူးဆောင်ဘွဲနှင့်တံဆိပ် ၁၀၀ ခန့် အပ်နှင်း
Donate to DVB

၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာ ဂုဏ်ထူးဆောင်ဘွဲ့နဲ့ တံဆိပ်ပေါင်း ၁၀၀ လောက်ကို နိုင်ငံတော်သမ္မတက အပ်နှင်းချီးမြှင့်လိုက်ပါတယ်။

တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဘွဲ့ ၁၄ ဘွဲ့၊ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ ၃ ဘွဲ့၊ သူရဲကောင်း မှတ်တမ်းဝင်တံဆိပ် ၇၅ ခု၊ ရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ် ၄ ခုတို့ကို ပေးခဲ့တာပါ။

တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဘွဲ့အနေနဲ့ သီဟသူရဘွဲ့ရသူ တစ်ယောက်ရှိပြီး အမှတ် ၁၀၉ ခြေမြန်တပ်ရင်းက ဗိုလ်ကြီး စွမ်းရည်အောင်က ရခဲ့တာပါ။

သူရဘွဲ့ရသူကတော့ ၁၄ ယောက်ရှိပြီး တပ်သားတစ်ယောက်၊ ဒုတပ်ကြပ် ၃ ယောက်၊ ဒု အရာခံ ဗိုလ် တစ်ယောက်နဲ့ အရာရှိတွေ ရခဲ့ကြပါတယ်။

အလင်္ကာကျော်စွာဘွဲ့ကိုတော့ ထပ်ဆင့်အကယ်ဒမီ ပန်းချီစိုးမိုး၊ အကယ်ဒမီ စင်ရော်မောင်မောင်နဲ့ ဟင်္သာတ မြင့်ငွေတို့က ရရှိခဲ့ပါတယ်။

သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ကိုတော့ တပ်သား သုံးယောက်၊ ဒုတပ်ကြပ် ၁၈ ယောက်၊ ၈ ယောက်၊ တပ်ကြပ်ကြီး ၆ ယောက်၊ တပ်ခွဲတပ်ကြပ်ကြီး တစ်ယောက်၊ ဒု အရာခံဗိုလ် ၇ ယောက်နဲ့ အရာရှိတွေ ရခဲ့ကြပါတယ်။

ရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်တံဆပ်တွေကိုတော့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က ရဲသီဟတံဆိပ် ရရှိသူ ဒု ရဲအုပ်တစ်ယောက်နဲ့ မီးသတ် ဒုတပ်ကြပ်နှစ်ယောက်၊ ရဲတပ်ကြပ် တစ်ယောက်တို့က ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013