DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး မန္တလေး၌ ဆုတောင်းဆန္ဒထုတ်ဖော်
DVB
·
January 4, 2016
နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး မန္တလေး၌ ဆုတောင်းဆန္ဒထုတ်ဖော်
1 / 5
Donate to DVB

ဖမ်းဆီးခံသပိတ်မှောက် ကျောင်းသားတွေနဲ့ ဝန်းရံပြည်တွေအပါအဝင် နိုင်ငံတ၀န်း အကျဉ်းထောင်တွေထဲက နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ဖို့အတွက် မန္တလေး မဟာမုနိဘုရားမှာ ဒီကနေ့မနက်က ဆုတောင်းပွဲ ဆန္ဒထုတ်ဖော်ပွဲတရပ်ပြုလုပ်ခဲ့ပါတယ်။

မန္တလေးခရိုင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)ကဦးဆောင်ပြီး လူပေါင်း ၂၀ လောက်ပါဝင် လုပ်ဆောင်ခဲ့တယ်လို့ မန္တလေး ဗကသ ဗဟိုကော်မီတီဝင် ကိုကောင်းဇော်ဟိန်းက ပြောပါတယ်။

“ဒီမိုကရေစီပညာရေး တောင်းဆိုတိုက်ပွဲဝင်နေတဲ့ ကျောင်းသားတွေအပါအ၀င် တနိုင်ငံလုံး မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေချွင်းချက်မရှိ လွတ်မြောက်ဖို့ ကျနော်တို့လုပ်ဆောင်တာပါ။ မန္တလေးမဟာမြတ်မုနိဘုရားကြီးမှာ ဆုတောင်းပွဲပြုလုပ်ခဲ့တာပါ။ ဒီလိုဆုတောင်းပွဲတွေကိုလည်း နောက်ဆက်လုပ်နေဦးမှာပါပဲ။”

ဒီနေ့ ဇန်န၀ါရီလ ၄ ရက်နေ့မှာ ကျရောက်တဲ့ ၆၈ ကြိမ်မြောက် လွတ်လပ်ရေးနေ့မှာ လက်ကျန် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်နိုင်တယ်လို့ မျှော်လင့်ပြီး နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေဟာ ရန်ကုန်အင်းစိန် အကျဉ်းထောင်နဲ့ တခြားအကျဉ်းထောင်တွေရှေ့မှာ သွားရောက်စောင့်ဆိုင်းမှုတွေ ရှိခဲ့ပါတယ်။

နိုင်ငံတ၀န်း  အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေးအကျဉ်းသားပေါင်း  ၁၂၇ ဦး အကျဉ်းကျခံနေရ ဆဲဖြစ်ပြီး ၄၇၇ ဦး ရပြီး  အမှုရင်ဆိုင်နေကြရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)ကနေ သိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013