DVB Logo
Home
မြန်မာသတင်း
အိန္ဒိယနယ်စပ်ငလျင်လှုပ်၊ လူအချို့ သေဆုံးဒဏ်ရာရ
DVB
·
January 4, 2016
အိန္ဒိယနယ်စပ်ငလျင်လှုပ်၊ လူအချို့ သေဆုံးဒဏ်ရာရ
1 / 5
Donate to DVB

ဇန်န၀ါရီလ ၄ ရက်မနက် မြန်မာစံတော်ချိန် ၅ နာရီ ၃၅ မိနစ်၊ ၂၂ စက္ကန့်အချိန်မှာ မန္တလေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် မိုင် ၂၅၀ ခန့်အကွာ မြန်မာနိုင်ငံပြည်ပ အိန္ဒိယနိုင်ငံ မဏိပူဒေသကို ဗဟိုပြုပြီး အင်အားရစ်ခ်ျတာစကေး ၆.၈ အဆင့်ရှိ အင်အားပြင်း မြေငလျင်တစ်ခုလှုပ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာလည်း ငလျင်ကြောင့် မြေတုန်ခါမှုတွေ ရှိခဲ့ပေမယ့် ထိခိုက်ပျက်စီးမှု သတင်းတွေတော့ မသိရသေးဘူးလို့ အထက်မြန်မာပြည် မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ဒီဗွီဘီကို ပြောပါတယ်။

ငလျင်ဒဏ်ကြောင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အင်ဖာမြို့မှာတော့ အနည်းဆုံး သေဆုံးသူ ၆ ဦးရှိပြီး ဒဏ်ရာရသူ ၁၀၀ လောက် ရှိတယ်လို့ Times of India သတင်းမှာဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း လူတချို့ ထိခိုက်သေဆုံးမှုရှိခဲ့သလို မြန်မာနိုင်ငံမှာလည်း စစ်ကိုင်းတိုင်း အပါအ၀င်ဒေသတချိုမှာ ငလျင်ဒဏ်ကို ဒေသခံတွေ သိရှိခံစားခဲ့ကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013