DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးအင်အားစုများအားလုံး ညီညွတ်ကြရန် သမ္မတတိုက်တွန်း
DVB
·
January 4, 2016
နိုင်ငံရေးအင်အားစုများအားလုံး ညီညွတ်ကြရန် သမ္မတတိုက်တွန်း
1 / 6
Donate to DVB

နိုင်ငံမှာ တွေ့ကြုံနေရတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ နိုင်ငံရေးအင်အားစုတွေ အားလုံး ညီညီညွတ်ညွတ်နဲ့ ကြိုးပမ်းဆောင်ရွက်ကြဖို့ ဒီကနေ့ ဇန်န၀ါရီလ ၄ ရက် (၆၈) နှစ်မြောက် လွတ်လပ်ရေးနေ့မှာ သမ္မတ ဦးသိန်းစိန်က တိုက်တွန်းလိုက်ပါသည်။

လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပေးပို့တဲ့ သဝဏ်လွှာမှာ သမ္မတ ဦးသိန်းစိန်က “ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလမ်းကြောင်းမှန်ပေါ်တွင် ဆက်လက် ရှင်သန်နိုင်ရန် တိုင်းရင်းသား၊ ပြည်သူနှင့် တပ်မတော်တို့ တစ်သားတည်း ပူးပေါင်း ဝိုင်းဝန်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံတော်၏ လွတ်လပ် လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအဖွဲ့ သာမက နိုင်ငံရေး အင်အားစုများဖြစ်သည့် လွှတ်တော်များ၊ နိုင်ငံရေးပါတီများ၊ တပ်မတော်နှင့် ပြည်သူတရပ်လုံး ပါဝင်မှသာ အောင်မြင်မှု ရရှိမည်”လို့လည်း ပြောပါတယ်။

ဒါ့အပြင် ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားတွေ အားလုံး စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် နိုင်ရေးအတွက် မတူကွဲပြားမှုတွေကို အင်အားအဖြစ် ပြောင်းလဲရယူပြီး ညီညွတ်ရေးကို ကြိုးပမ်းဖော်ဆောင်ကြဖို့နဲ့ တည်ငြိမ်အေးချမ်းမှုနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်မှုကို ဖော်ဆောင်နိုင်ရေး အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ ဆင်းရဲမှုလျှော့ချရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ အမျိုးသမီးများအရေး စသည့်ကဏ္ဍစုံတို့ အဘက်ဘက်မှ တိုးတက်မြင့်မားမှုများဖြစ်ပေါ်လာရန် အားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမယ်လို့လည်း ပြောပါတယ်။

(၆၈) နှစ်မြောက်လွပ်လပ်ရေးနေ့ အခမ်းအနားကို နေပြည်တော် မြို့တော်ခန်းမမှာ အစိုးရက နိုင်ငံတော် အခမ်းအနားကျင်းပသလို ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ရန်ကုန် ရွှေဂုံတိုင်မှာရှိတဲ့ ပါတီဌာနချုပ်မှာ ဒီမနက် ကျင်းပဖို့ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013