DVB Logo
Home
မြန်မာသတင်း
သဘာဝပတ်ဝန်းကျင် ပျက်စီးအောင်လုပ်သူကို ဒေါ်လာ ၅ သောင်း ဒဏ်ကြေးချမှတ်မည်
DVB
·
January 2, 2016
သဘာဝပတ်ဝန်းကျင် ပျက်စီးအောင်လုပ်သူကို ဒေါ်လာ ၅ သောင်း ဒဏ်ကြေးချမှတ်မည်
1 / 2
Donate to DVB

သဘာဝပတ်ဝန်းကျင် ပျက်စီးအောင်လုပ်တဲ့ လုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ ၅၀၀၀၀ အထိ အမြင့်ဆုံးဒဏ်ကြေးချမှတ်နိုင်တဲ့ အမိန့်ကြော်ငြာစာတခုကို သက်ဆိုင်ရာဝန်ကြီးဌာနက ဒီဇင်ဘာ ၂၉ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ အဲ့ဒီအမိန့်ကြော်ငြာစာမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေအရ လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး ဒီအမိန့်နဲ့ လုပ်ထုံးလုပ်နည်းကို ထုတ်ပြန်တာလို့ ဖော်ပြထားပါတယ်။

ဒီလုပ်ထုံးလုပ်နည်းတွေကို ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများလို့ ခေါ်တွင်ရမယ်လို့လည်း ဆိုပါတယ်။

သစ်ထုတ်လုပ်ရေး၊ ကျောက်မျက်၊ သတ္တုတူးဖော်တဲ့ လုပ်ငန်းတွေ၊ ရေအားလျှပ်စစ်ထုတ်တဲ့ စီမံကိန်းတွေကအစ ကြက်ဘဲမွေးမြူရေး လုပ်ငန်းတွေအထိ လုပ်ငန်းအမျိုးအစားပေါင်း ၁၄၀ ကျော် ပါဝင်ပြီး အဲ့ဒီလုပ်ငန်းတွေကြောင့် ပတ်ဝန်းကျင်ပျက်စီးရင် ဒဏ်ရိုက်မှာ ဖြစ်ပါတယ်။

1480569_796947450433507_7816016665283833181_nစိမ်းလန်းအမိမြေ ဖွံ့ဖြို့တိုးတက်ရေးအသင်းရဲ့ ဥက္ကဋ္ဌ ဦးဝင်းမျိုးသူက ၂၀၁၂ ခုနှစ်က ထွက်ခဲ့တဲ့ ပတ်ဝန်းကျင်ရေးရာ ဥပဒေ နောက်ဆက်တွဲ လုပ်ထုံးလုပ်နည်းတွေ ထုတ်ပြန်ခဲ့တာဖြစ်ပြီး နောင်လုပ်မယ့် စီမံကိန်းတွေက ပတ်ဝန်းကျင်ဆန်းစစ်ချက် အစီရင်ခံစာတင်မှ လုပ်ခွင့်ရှိတော့မယ်လို့ ပြောပါတယ်။

“နောက်လုပ်မယ့် လုပ်ငန်းစီမံချက်အကုန်လုံးက ပတ်ဝန်းကျင်ဆန်းစစ်ချက်တွေကို တင်ပြ အစီရင်ခံ၊ အဲ့ဒါကို ၀န်ကြီးဌာနက ဘုတ်အဖွဲ့နဲ့စစ်ပြီး သဘောတူပြီးမှသာ လုပ်ပိုင်ခွင့် ရှိတော့မယ်၊ အဲ့ဒီအတိုင်းပဲ အဲ့ဒီအဖွဲ့တွေက ပြန်လည်စစ်ဆေးခံဖို့ တာဝန် ရှိသွားတာပေါ့၊ ရှေ့မှာ ရထားတဲ့ စီမံကိန်းကြီးတွေကိုတော့ ပတ်ဝန်းကျင်စီမံချက်ကိုပဲ ရေးဆွဲခိုင်းတယ်၊ နောက် အသစ်လုပ်မယ့်ဟာတွေကတော့ မလုပ်ခင်ကတည်းက ဖြစ်မယ့် ပြဿ   နာကိုလည်းရှာ၊ တကယ်လို့ ပြဿ  နာရှိရင်လဲ ပြဿ   နာကို ဘယ်လို ကုစားမလဲဆိုတဲ့ အစီအစဉ်တင် ဆိုတဲ့ ဒီနှစ်ပိုင်းကို တင်ခိုင်းတာ။”

ဝန်ကြီးဌာနပေါင်းစုံက လုပ်ငန်းပေါင်းစုံ ပါဝင်ပတ်သက်နေတဲ့ စီမံကိန်းတွေကို ဌာနတခုတည်းက ကိုင်တွယ်မယ်ဆိုတဲ့အပေါ် အငြင်းပွားမှုတွေ ရှိတယ်လို့လည်း ပြောပါတယ်။

ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများမှာ ဖော်ပြထားတဲ့ အရေးယူဒဏ်ချခြင်းထဲက တခုမှာ  သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးပြီး ၆ လအတွင်း EDP (Ethnic Development Plan) လို့ခေါ်တဲ့ တိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကို လက်ရှိအခြေအနေနဲ့ ကိုက်ညီအောင်၊ ၀န်ကြီးဌာနက ကျေနပ်လက်ခံလောက်အောင် ပြင်ဆင်ကြိုးပမ်းလုပ်ဆောင်ဖို့ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးကြန့်ကြာရင် အမေရိကန်ဒေါ်လာ ၅၀၀၀၀ သို့မဟုတ် ယင်းနဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေ ပေးဆောင်ရမယ်လို့ ဖော်ပြထားပါတယ်။

စီမံကိန်းကြောင့် ပတ်ဝန်းကျင်ပျက်စီးရင် သဘောတူထားတဲ့အတိုင်း မလုပ်ရင် ပေးရမယ့် ဒဏ်ကြေးတွေကို အနည်းဆုံး ဒေါ်လာ ၁၀၀ ကနေ အမြင့်ဆုံး ဒေါ်လာ ၅၀၀၀၀ အထိ ချမှတ်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် လုပ်ငန်းကို တစိတ်တပိုင်းရပ်ဆိုင်ခြင်း၊ သဘောတူစာချုပ်ကို ဖျက်သိမ်းခြင်းတို့နဲ့လည်း အရေးယူနိုင်တယ်လို့ ဆိုထားပါတယ်။

၂၀၁၂ ပတ်ဝန်းကျင်ရေးရာ ဥပဒေထွက်ပေါ်ခဲ့ပြီး ၃ နှစ်လောက်ကြာမှ ထွက်ပေါ်ခဲ့တဲ့ လုပ်ထုံးလုပ်နည်းတွေဖြစ်ပြီး အငြင်းပွားဖွယ်သတ်မှတ်ချက်တွေ ပါဝင်နေတာကြောင့် ကြန့်ကြာနေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013