DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီနှင့် မဘသဆရာတော်တို့ တွေ့ဆုံဆွေးနွေး
DVB
·
January 2, 2016
အန်အယ်လ်ဒီနှင့် မဘသဆရာတော်တို့ တွေ့ဆုံဆွေးနွေး
1 / 3
Donate to DVB

အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်နဲ့ အဖွဲ့ဝင်ဆရာတော်တို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက သူရဦးတင်ဦးက ဇန်န၀ါရီ ၁ ရက်မှာ သွားရောက်တွေ့ဆုံပြီး သြ၀ါဒ ခံယူခဲ့ပါတယ်။

ရန်ကုန်မြို့၊ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်၊ မဘသဗဟိုရုံးခန်းမှာ နှစ်ဘက်တွေ့ဆုံမှု ဟာ ၁ နာရီခွဲလောက်ကြာမြင့်ခဲ့ပြီး နှစ်ဘက် တူတာတွေ ပေါင်းလုပ်ကြဖို့ ဥက္ကဋ္ဌ ဆရာတော်က မိန့်တယ်လို့ တွေ့ဆုံပွဲတက်ခဲ့တဲ့ မြစေတီကျောင်းတိုက်စာချဆရာတော် ဦးသုစိတက မိန့်ပါတယ်။

“ဥက္ကဋ္ဌ ဆရာတော်ကြီးက တကာကြီးတို့ ပါတီအနေနဲ့ နိုင်ငံ့ကောင်းကျိုးလုပ်နေတယ်ဆိုတာ ဘုန်းကြီးတို့ နားလည်ပါတယ်တဲ့၊ ဒါကြောင့်မို့လို့ မတူတာတွေ ထားပြီးတော့ တူတာတွေနဲ့ နိုင်ငံ့ကောင်းကျိုးအတွက် ရှေ့ဆက်လက်ပြီး လုပ်ဆောင်သွားမယ်ဆိုလို့ရှိရင် အားလုံးငြိမ်းငြိမ်းချမ်းချမ်းနဲ့ မြန်မာပြည်ကြီး တိုးတက်မယ်ဆိုတဲ့အကြောင်းကို မိန့်ကြားပါတယ်။”

ဦးတင်ဦးကတော့ မဘသ ဆရာတော်ကြီးတွေရဲ့ သြ၀ါဒခံယူဖို့ လာရောက်တာဖြစ်တယ်၊ ၊ဒေါ်အောင်ဆန်းစုကြည်ကလည်း ဆရာတော်ကြီးတွေရဲ့ သြ၀ါဒကို သေချာခံယူပြီး ပြန်ပြောဖို့ ပြောတယ်လို့လည်း မိန့်ပါတယ်။

ဒီဇင်ဘာလကုန်ပိုင်းက ထိုင်းမှာ သေဒဏ်ပေးခံထားရတဲ့ မြန်မာလူငယ်နှစ်ဦး လွှတ်ပေးဖို့ မဘသ အဖွဲ့က ဦးဆောင်ပြီး ရန်ကုန်မြို့ ရွှေတိဂုံဘုရားမှာ ဆုတောင်းပွဲတခုလုပ်ခဲ့ပါတယ်။

အဲ့ဒီအဖွဲ့က ခွဲထွက်ခဲ့တဲ့ အဖွဲ့တဖွဲ့ဟာ အဲ့ဒီနေ့မှာပဲ ရန်ကုန်က ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့ သွားရောက်ပြီး တောင်းဆိုဆန္ဒပြခဲ့ကြတာတွေ လုပ်ခဲ့ပြီးတဲ့နောက် အန်အယ်လ်ဒီနဲ့ မဘသ အဖွဲ့တို့ တွေ့ဆုံမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

မဘသ ဆရာတော် ဦးသုစိတ္တကတော့ အန်အယ်လ်ဒီအနေနဲ့ မဘသအဖွဲ့နဲ့ ဒီ့ထက်မက တွေ့ဆုံညှိနှိုင်းမှုတွေ လုပ်ဆောင်သွားဖို့ မျှော်လင့်တယ်လို့ မိန့်ပါတယ်။

“အန်အယ်လ်ဒီပါတီအနေနဲ့ မဘသဆရာတော်ကြီးများထံလာပြီးတော့ သြ၀ါဒခံယူတာ တွေ့ဆုံညှိနှိုင်းဆောင်ရွက်တာမျိုးတွေဟာ ဒီ့ထက်မက ပိုပြီးတော့ ရှိလာခဲ့မယ်ဆိုရင် နိုင်ငံ့အတွက်ရော လူမျိုးအတွက်ကော ဘာသာအတွက်ကော သာသနာအတွက်ကော မြန်မာပြည်ကြီးအတွက်ကော အကောင်းဆုံးတွေ ဖြစ်ထွန်းလာလိမ့်မယ်လို့ ဘုန်းဘုန်းတို့က မျှော်လင့်ပါတယ်။”

ဓာတ်ပုံ - ဒေါက်တာအရှင်သောပါက

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013