DVB Logo
Home
မြန်မာသတင်း
ဆွေး​နွေး​မှုကနေ အကျိုး​ရှိတဲ့​ ရလဒ်အဖြစ် အာဇာနည်​နေ့​ ဂါရဝပြုခွင့်​ ရတဲ့​အပေါ် ဒေါ်အောင်ဆန်းစုကြည် ​ပြောကြား
DVB
·
July 19, 2011
ဆွေး​နွေး​မှုကနေ အကျိုး​ရှိတဲ့​ ရလဒ်အဖြစ် အာဇာနည်​နေ့​ ဂါရဝပြုခွင့်​ ရတဲ့​အပေါ် ဒေါ်အောင်ဆန်းစုကြည် ​ပြောကြား
Donate to DVB

အစိုး​ရသစ်လက်ထပ် ပထမဆုံး​ကျ​ရောက်တဲ့​ ၆၄ နှစ်​မြောက် အာဇာနည်​နေ့​ အခမ်း​အနား​ကို ဒီမိုက​ရေစီအင်အား​စု​တွေနဲ့​ ပထမဆုံး​ဂါရဝပြုခွင့်​ ရတဲ့​အ​ပေါ် ​ဒေါ်​အောင်ဆန်း​စုကြည်က ​တွေ့​ဆုံ​ဆွေး​နွေး​မှုက​နေ နှစ်ဦး​နှစ်ဖက် အကျိုး​ရှိတဲ့​ ရလဒ်အဖြစ် ​ပြောကြား​လိုက်ပါတယ်။

[caption id="attachment_12935" align="alignright" width="310" caption="ဓာတ်ပုံ- ဒီဗွီဘီ"][/caption]

မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်က ဒီက​နေ့​ အာဇာနည်​နေ့​ အခမ်း​အနား​ကို ဝါရင့်​နိုင်ငံ​ရေး​ခေါင်း​ဆောင်​တွေ၊​ ၁၉၉၀ ​ရွေး​ကောက်ပွဲအနိုင်ရ ပြည်သူ့​လွှတ်​တော်ကိုယ်စား​ပြု​ကော်မတီဝင်​တွေ၊​ အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်ဝင်​တွေ အပါအဝင် ဒီမိုက​ရေစီအင်အား​စု​တွေနဲ့​အတူ ပထမဆုံး​ ဂါရဝပြုခွင့်​ရတဲ့​ အ​ပေါ် ​တွေ့​ဆုံ​ဆွေး​နွေး​မှုက​နေ နှစ်ဦး​နှစ်ဖက် အကျိုး​ရှိ​စေတဲ့​ နမူနာ​ကောင်း​ တခုခုဖြစ်တယ်လို့​ ​ပြောကြား​လိုက်ပါတယ်။

အာဇာနည်​နေ့​ မတိုင်ခင်ကတည်း​က အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဝင်​တွေနဲ့​ အစိုး​ရတာဝန်ရှိသူ​တွေ တက်​ရောက် ဂါရဝပြုခွင့်​ရဖို့​ အပြန်အလှန် ​ဆွေး​နွေး​ပြီး​ အခုလို ဂါရဝပြုခွင့်​ ရခဲ့​ကြတာလည်း​ ဖြစ်ပါတယ်။

ဒါ​ကြောင့်​ ​ဒေါ်​အောင်ဆန်း​စုကြည်က ဂါရဝပြုခွင့်​ရဖို့​ စီစဉ်ခွင့်​ပြု​ပေး​တဲ့​ အ​ပေါ်ကိုလည်း​ ​ကျေး​ဇူး​တင်ရှိ​ကြောင်း​ အာဇာနည်ဗိမာန်မှာ ဒီမိုက​ရေစီ အင်အာစု​တွေအနဲ့​ အတူ ထပ်မံဂါရဝပြုအပြီး​အပြန်မှာ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောကြား​လိုက်တာလည်း​ ဖြစ်ပါတယ်။

ဒီလို ​ပြောကြား​ခဲ့​တာနဲ့​ ပတ်သက်ပြီး​ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ် ဗဟိုပြန်ကြား​ရေး​အဖွဲ့​ဝင် ဦး​ဥာဏ်ဝင်း​က အခုလို ပြန်​ပြောပြပါတယ်။

“အာဇာနည်ကုန်း​က ပြန်လာပြီး​တော့​ ကျ​နော်တို့​ကို ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောပါတယ်။ ဒီ​နေ့​အာဇာနည်​နေ့​ အ​ခြေအ​နေနဲ့​ ပတ်သက်ပြီး​တော့​ သူ့​အ​နေနဲ့​ များ​စွာအား​ရ​ကျေနပ်တယ်။ တဖက်နဲ့​တဖက် တာဝန်ရှိတဲ့​ ပုဂ္ဂိုလ်များ​နဲ့​ ဒီဘက်က ပုဂ္ဂိုလ်များ​ရဲ့​ လိုအပ်ချက်​တွေကို မ​နေ့​ကတည်း​က ကြိုတင်ပြီး​တော့​ ညှိနှိုင်း​ဆောင်ရွက်ကြတဲ့​အတွက် လုပ်ငန်း​တာဝန်ရှိတဲ့​ ပုဂ္ဂိုလ်​တွေကလည်း​ တာဝန်​ကျေစွာ ​ဆောင်ရွက်နိုင်သလို ကျ​နော်တို့​ဘက်ကလည်း​ ငြိမ်း​ချမ်း​စွာ အာဇာနည်ကုန်း​ကို တက်​ရောက် ဂါရဝပြုနိုင်တယ်။ ဒါက နှစ်ဦး​နှစ်ဖက် အကျိုး​ရှိတဲ့​ကိစ္စပါ။ ဒါဟာ​တွေ့​ဆုံ​ဆွေး​နွေး​ ​ပြောကြား​ခြင်း​အား​ဖြင့်​ ​ကောင်း​တဲ့​အ​ဖြေထွက်တယ်ဆိုတာ နမူနာ​ကောင်း​လည်း​ ဖြစ်တယ်။ ​နောက်ပြီး​ ဒီလို​ဆောင်ရွက်​ပေး​တာကိုလည်း​ ​ကျေး​ဇူး​တင်ရှိတယ်လို့​ ​ဒေါ်​အောင်ဆန်း​စုကြည် ကိုယ်တိုင်က ​ပြောခဲ့​ပါတယ်။”

လက်ရှိ အ​ခြေအ​နေမှာ​တော့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်နဲ့​ အစိုး​ရကြား​ ပါတီ တရား​ဝင်ရပ်တည်မှုနဲ့​ ပတ်သက်ပြီး​ လိုအပ်တဲ့​ ​ဆွေး​နွေး​ညှိနှိုင်း​မှု​တွေ လိုအပ်​နေ​သေး​ပြီး​တော့​ အဖွဲ့​ချုပ်အ​နေနဲ့​လည်း​ နှစ်ဦး​နှစ်ဖက် အကျိုး​ရှိ​စေနိုင်တဲ့​ ​တွေ့​ဆုံ ​ဆွေး​နွေး​မှု​တွေ ဖြစ်​ပေါ်လာဖို့​ ဆက်လက် ကြိုး​ပမ်း​သွား​မယ်လို့​လည်း​ ဦး​ဥာဏ်ဝင်း​ကပဲ ဆက်​ပြောပါတယ်။

“အန်အယ်ဒီပါတီ ရှိတယ်၊​ မရှိဘူး​ဆိုတဲ့​ ကိစ္စ​တွေဟာ လိုအပ်တဲ့​ ညှိနှိုင်း​ဆောင်ရွက်မှု​တွေ လုပ်သင့်​လုပ်​ပေး​သင့်​တဲ့​ ကိစ္စတခုလို့​ ကျ​နော်တို့​ မြင်ပါတယ်။ ဒီ​နေ့​အာဇာနည်​နေ့​ ချီတက်တာနဲ့​ ပတ်သက်လို့​ ကျ​နော်တို့​နဲ့​ အတူတူ သွား​ရောက်ဂါရဝ ပြုတဲ့​ထဲမှာ စီအာပီပီ ​ခေါင်း​ဆောင်​တွေ ပါပါတယ်။ ​နောက်ပြီး​ ဝါရင့်​နိုင်ငံ​ရေး​ သမား​ခေါင်း​ဆောင်​တွေ ပါတယ်။ အဲဒီ​တော့​ နိုင်ငံ​ရေး​အရ ကျ​နော်တို့​ အ​ရေး​ကြီး​တဲ့​အဖွဲ့​တွေ အုပ်စု​တွေ အား​လုံး​ပါဝင်ပါတယ်။ ကျ​နော်တို့​ ဘက်ကလည်း​ အာဇာနည်ကုန်း​ကို သွား​ရောက်ပါက အာဇာနည်များ​ကို သတိတရနဲ့​ ဂါရဝပြုဖို့​ ​လေး​လေး​စား​စား​ သွား​ရောက်တာ ဖြစ်တဲ့​အတွက် ကျ​နော်တို့​ အစစ အဆင်​ပြေတယ်လို့​ ကျ​နော်တို့​ အဲလိုပဲ သ​ဘောထား​ပါတယ်။ ကျ​နော်တို့​က​တော့​ ဒီလိုပဲ ​တွေ့​ဆုံမယ်။ ​ဆွေး​နွေး​မယ်။ ညှိနှိုင်း​မယ်ဆိုတဲ့​ ကိစ္စက​နေ အမြဲတမ်း​ ဆက်လက် ကြိုး​ပမ်း​သွား​ဖို့​ ကျ​နော်တို့​ ရည်မှန်း​ထား​ပါတယ်။ ​နောက်ပြီး​တော့​ ဒီ​နေ့​ဆောင်ရွက်မယ့်​ နည်း​တွေအ​နေနဲ့​ကလည်း​ ဒါဟာ အလွန်​ကောင်း​မွန်တဲ့​ နည်း​တရပ်လို့​ ကျ​နော်တို့​ ဒီလိုမြင်ပါတယ်။”

ဒီက​နေ့​ မနက်ပိုင်း​ အဖွဲ့​ချုပ်ရုံး​မှာ ကျင်း​ပပြုလုပ်တဲ့​ အာဇာနည်​နေ့​ အခမ်း​အနား​မှာ​တော့​ မနက် ၁၀ နာရီ ၃၇ မိနစ်မှာ ကျဆုံး​ခဲ့​ကြပြီဖြစ်တဲ့​ အာဇာနည် ​ခေါင်း​ဆောင်ကြီး​တွေကို အာဇာနည်ဗိမာန်ဘက် ဦး​တည်ပြီး​ အ​လေး​ပြုခဲ့​ပါတယ်။

အဲ့​ဒီ​နောက်မှာ​တော့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ၆၄ နှစ်ပြည့်​ အာဇာနည်​နေ့​ အခမ်း​အနား​မှာ​တော့​ ဒု-ဥက္ကဋ္ဌ ဦး​တင်ဦး​နဲ့​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​ဒေါ်​အောင်ဆန်း​စုကြည်တို့​က အဖွင့်​အမှာစကား​တွေကို ​ပြောကြား​ခဲ့​ကြပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည် ​ပြောကြား​ခဲ့​တဲ့​ အ​ကြောင်း​အရာ​တွေကိုလည်း​ ဦး​ဥာဏ်ဝင်း​ကပဲ အခုလို အနှစ်ချုပ်ပြီး​ ပြန်လည် ​ပြောကြား​ပါတယ်။

“အန်တီ​ပြောပြတဲ့​ အဓိက အချက်က​တော့​ အာဇာနည်ဆိုတဲ့​ အဓိပ္ပာယ်၊​ အာဇာနည်ဆိုတာ သက္ကထဘာသာက လာတဲ့​စကား​၊​ အဓိပ္ပာယ်က​တော့​ မြင့်​မြတ်တဲ့​စိတ်ထား​ရှိပြီး​တော့​ မြင့်​မြတ်တဲ့​ လုပ်ငန်း​လုပ်ဖို့​။ အဲဒီမြင့်​မြတ်တဲ့​ စိတ်ထား​ရှိပြီး​ မြင့်​မြတ်​သောလုပ်ငန်း​လုပ်တာ အာဇာနည်ပဲ။ ဒါ​ကြောင့်​ တိုင်း​ပြည်အတွက် ဒီလိုပုဂ္ဂိုလ်မျိုး​တွေ အများ​ကြီး​လိုတယ်၊​ ဒီလို အာဇာနည်များ​ အများ​ကြီး​လိုတဲ့​အ​ကြောင်း​ကို ​ပြောသွား​ပါတယ်။”

ဒါ့​အပြင် အဖွဲ့​ချုပ်က​နေ ၆၄ နှစ်ပြည့်​ အာဇာနည်​နေ့​ ​ကြေညာစာတမ်း​ တ​စောင်ကိုလည်း​ ထုတ်ပြန်ပြီး​ ဗဟိုပြန်ကြား​ရေး​အဖွဲ့​ဝင် ဦး​အုန်း​ကြိုင်က ဖတ်ကြား​ခဲ့​ပါတယ်။

အဲ့​ဒီ​နောက်မှာ​တော့​ အခမ်း​အနား​ကို ရုပ်သိမ်း​ပြီး​ အဖွဲ့​ချုပ် ဒု-ဥက္ကဋ္ဌ ဦး​တင်ဦး​၊​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ တက်​ရောက်လာကြတဲ့​ ဝါရင့်​နိုင်ငံ​ရေး​ခေါင်း​ဆောင်​တွေ၊​ စီအာပီပီ အဖွဲ့​ဝင်​တွေ၊​ တိုင်း​ရင်း​သား​နိုင်ငံ​ရေး​ အင်အား​စု​တွေ၊​ အဖွဲ့​ဝင်လူငယ်​တွေနဲ့​ ဒီမိုက​ရေစီအင်အား​စုဝင်​တွေ အာဇာနည်ဗိမာန်ကို သွား​ရောက် ဂါရဝပြုပြီး​ အာဇာနည်​နေ့​ အခမ်း​အနား​တွေ ငြိမ်း​ငြိမ်း​ချမ်း​ချမ်း​နဲ့​ ပြီး​ဆုံး​ခဲ့​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013