DVB Logo
Home
မြန်မာသတင်း
လှေမှောက် မြန်မာသင်္ဘောသားများကို ထိုင်းရေတပ် ကယ်တင်
DVB
·
January 1, 2016
လှေမှောက် မြန်မာသင်္ဘောသားများကို  ထိုင်းရေတပ် ကယ်တင်
1 / 4
Donate to DVB

မြန်မာနိုင်ငံကနေ မလေးရှားနိုင်ငံကို သွားမယ့် သစ်ခွဲသားတင်လှေတစီး ကပ္ပလီ ပင်လယ်ပြင်မှာ တိမ်းမှောက်ခဲ့ပြီးတဲ့နောက် ၂ ရက်အကြာ ပင်လယ်ထဲမျောနေတဲ့ မြန်မာသင်္ဘော သား ၇ ဦးကို ထိုင်းရေတပ်က ကယ်တင်နိုင်ခဲ့တယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးကစ်ခရိုင်နဲ့  ၁၁၀ မိုင်ကွာဝေးတဲ့ ပင်လယ်ပြင်မှာ ဒီဇင်ဘာလ ၂၉ ရက်နေ့ညက အမည်မသိလှေတစီး မတော်တဆတိမ်းမှောက်သွားကြောင်း  အမှတ် ၃ ထိုင်းရေ တပ် ပင်လယ်ပြင်ကင်းလှည့်အဖွဲ့ရဲ့ သတင်းပေးချက်အရ အဆိုပါသင်္ဘောကို လိုအပ်တဲ့ အကူ အညီပေးဖို့ ဆိုင်ပူရီလှေကြီးနဲ့ရော ဟယ်လီကော့ပတာတစ်စီးနဲ့ပါ လိုက်လံရှာဖွေကယ်တင်ခဲ့ တာလို့ ဖူးကစ်ခရိုင်ဝန် နိုင်းကျမ်းရုန်း ထိပ်ဖယန်းထားဒါးက ဒီဇင်ဘာလ ၃၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အဆိုပါ သင်္ဘောကြီးဟာ အောင်သစ္စာ အမည်ရပြီး အလျား ၃၉ ပေရှည်ကာ အကျယ် ၁၈ ပေရှိကြောင်း၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ သစ်ခွဲသားတွေ တင်ပြီး မလေးရှားနိုင်ငံ ပီနံကျွန်းသို့ ဦးတည်သွားနေရာမှာ ၂၉ ရက်နေ့ညက လှိုင်းပုတ်ခံရပြီး သင်္ဘောရဲ့ဝမ်းဗိုက်ပေါက်ကွဲနစ်မြုပ်ခဲ့ တာလို့  ဆိုပါတယ်။

သင်္ဘောပေါ်မှာ လူ ၇ ဦးပါလာပြီး သူတို့တွေကို ဒီဇင်ဘာလ ၃၀ ရက်နေ့ ညပိုင်းမှာ  သင်္ဘောမှောက်တဲ့နေရာကနေ မိုင် ၅၀ အကွာမှာ ကယ်ဆယ်နိုင်ခဲ့ကြောင်း၊ အားလုံးမှာ မောပန်းနွမ်းနယ်နေတာကလွဲလို့  အသက်အန္တရယ်ကင်းလွတ်ခဲ့ပြီလို့  ခရိုင်ဝန်က ပြောပါတယ်။

သင်္ဘောပေါ်ပါလာသူတဦးက ထိုင်းရေတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေကို ကျေးဇူးအလွန်တင် ရှိကြောင်း၊ ရေထဲမှာ ၂ ရက်ကြာ စည်ပုံးတွေပိုက်ပြီး ပင်လယ်ထဲမျောနေစဉ် အစာရေ စာပြတ်ပြီး၊ အိမ်ကမိသားစုတွေနဲ့ ပြန်တွေ့ရတော့မှာ မဟုတ်ဘူးလို့ ထင်ထားကြောင်း၊ အခုလို ထိုင်းဘက်က လာပြီးကယ်တင်တဲ့အတွက် သေရာက ပြန်ရှင်လာရသလို ဖြစ်နေပြီး ဒါဟာ ထိုင်းနိုင်ငံကပေးတဲ့ နှစ်သစ်ကူးလက်ဆောင်ဖြစ်တယ်လို့  ပြောသွားပါတယ်။

သင်္ဘောမှောက်သွားတဲ့အတွက် ဆုံးရှုံးမှုတန်ဖိုး ထိုင်းဘတ်ငွေ သန်းနဲ့ချီရှိမယ်လို့ ခန့်မှန်းကြောင်း၊ မြန်မာသင်္ဘောသားတွေကို နေရပ်နိုင်ငံပြန်ပို့ဖို့ မြန်မာသံရုံးနဲ့ ဆက်သွယ် ဆောင်ရွက်သွားမယ်လို့ ဖူးကစ်ခရိုင်ဝန်က သတင်းစာရှင်းပွဲမှာ ပြောကြားသွားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013