DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ဖွယ်ရှိ
DVB
·
December 31, 2015
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ဖွယ်ရှိ
Donate to DVB

လာမယ့်ရက်ပိုင်းအတွင်း နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖွယ်ရှိနေတယ်လို့  အစိုးရနဲ့ နီးစပ်ပြီး အမည်မဖော်လိုတဲ့ သတင်းရပ်ကွက်က ဒီဗွီဘီကို ပြောပါတယ်။

လာမယ့် ၂၀၁၆ ခု ဇန်န၀ါရီ ၄ ရက်နေ့မှာ ကျရောက်မယ့် လွတ်လပ်ရေးနေ့မှာ လွတ်မြောက်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

ဘယ်ထောင်တွေကနေ ဘယ်နှစ်ဦးကို လွှတ်ပေးမယ်ဆိုတာကိုတော့ အသေးစိတ်ပြောကြားခြင်း မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) (အေအေပီပီဘီ) ကလည်း လာမယ့်ရက်ပိုင်းမှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာမယ်လို့ မျှော်လင့်ရကြောင်း  အသင်းအတွင်းရေးမှူး ဦးတိတ်နိုင်က ပြောပါတယ်။

ဦးတိတ်နိုင်က “ကျနော်တို့ကတော့ ဒီနှစ်ကုန်ရင် သို့မဟုတ် လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့တွေ အဲလိုနေ့မျိုးမှာ လွှတ်လေ့လွှတ်ထလည်း ရှိတဲ့အတွက်၊ အခုလည်း သူတို့က စာရင်းတွေစုနေတဲ့ အနေအထား ရှိတဲ့အခါကျတော့ လွတ်လာလိမ့်မယ်လို့တော့ မျှော်လင့်ရပါတယ်” လို့ ပြောပါတယ်။

အေအေပီပီဘီရဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ နိုင်ငံတ၀န်း  အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေးအကျဉ်းသား ၁၂၇ ဦး အကျဉ်းကျခံနေကြရပြီး  အမှုရင်ဆိုင်နေကြသူ ၄၇၇ ဦးရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013