DVB Logo
Home
မြန်မာသတင်း
ယခုဘဏ္ဍာနှစ်ကုန် ကယားပြည်နယ် ကျေးရွာ ၄၀၀ ခန့် လျှပ်စစ်မီးရမည်
DVB
·
December 31, 2015
ယခုဘဏ္ဍာနှစ်ကုန် ကယားပြည်နယ် ကျေးရွာ ၄၀၀ ခန့် လျှပ်စစ်မီးရမည်
Donate to DVB

၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်ကုန်မှာ  ကယားပြည်နယ်အတွင်းက ကျေးရွာပေါင်း ၃၆၄ ရွာကို ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူး ပေးသွားနိုင်မယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်သန်းဦးက ပြောပါတယ်။

ဝန်ကြီးဌာနအနေနဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ ဓာတ်အားတိုးတက် ဖြန့်ဖြူးနိုင်ဖို့အတွက် ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရရန်ပုံငွေ၊ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းတွေက ပေးတဲ့ ချေးငွေနဲ့ ဒေသခံတွေရဲ့  ထည့်ဝင်ငွေတွေနဲ့ တိုးချဲ့ ဆောင်ရွက်နေတယ်လို့ ဒု ၀န်ကြီးက ပြောပါတယ်။

ကယားပြည်နယ်အတွင်းက ရွာတွေ လျှပ်စစ်ရဖို့အတွက် သက်ဆိုင်ရာ ကျေးရွာအလိုက် မီးလင်းရေးကော်မတီတွေကို ဖွဲ့စည်းပြီး ရွာတရွာကို ငွေကျပ် သိန်း ၁၀၀ စီ ထည့်ဝင်ငွေ ပေးရတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ပြည်နယ်အစိုးရအဖွဲ့က လုပ်ငန်းဆောင်ရွက်မယ့် ကုမ္ပဏီတွေကို ကန်ထရိုက်စနစ်နဲ့ ရွေးချယ် လုပ်ကိုင်စေပြီး အဲဒီ ကုမ္ပဏီတွေကို ကျေးရွာ မီးလင်းရေးအဖွဲ့က တာဝန်ယူ ငွေချေပေးရတယ်လို့လည်း သူက ဆိုပါတယ်။

ကယားပြည်နယ်မှာ ကျေးရွာ ၅၀၀ ကျော်ရှိပြီး ကျန်တဲ့ ရွာတွေကိုလည်း တခြားနည်းလမ်းတွေနဲ့ လျှပ်စစ်မီးရဖို့ ဆောင်ရွက်သွားမယ်လို့ သူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013