DVB Logo
Home
မြန်မာသတင်း
ထိုင်းနှစ်ကူးကာလ မူးယစ်ပြီးယာဉ်မောင်းပါက ယာဉ်အသိမ်းခံရမည်
DVB
·
December 29, 2015
ထိုင်းနှစ်ကူးကာလ မူးယစ်ပြီးယာဉ်မောင်းပါက ယာဉ်အသိမ်းခံရမည်
Donate to DVB

ထိုင်းနှစ်သစ်ကူးကာလအတွင်း ယာဉ်မောင်းနေစဉ် မူးယစ်နေတာကို  စစ်ဆေးတွေ့ ရှိပါက  ဆိုင်ကယ်နဲ့ မော်တော်ကားတွေကို  ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ  ၆ ရက်နေ့ထိ ဌာန ဆိုင်ရာမှာ ထိန်းသိမ်းထားမယ်လို့  ထိုင်းနိုင်ငံတည်ငြိမ်အေးချမ်းရေးကောင်စီက ထုတ်ပြန် ကြောင်း ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

ဒီဇင်ဘာလ ၂၈ ရက်နေ့ ထိုင်းတနိုင်ငံလုံးဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ အစည်းအဝေးမှာ ထိုင်းနိုင်ငံတည်ငြိမ်အေးချမ်းရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးး ၀င်းထိုင်းဆုဝါးရီး က ထပ်မံသတိပေးပြောကြားလိုက်တာ ဖြစ်ပါတယ်။

နှစ်သစ်ကူးကာလ ယာဉ်မတော်တဆထိခိုက်မှုတွေလျော့ပါးရေးအတွက် ဒီဇင်ဘာလ ၂၅ ရက်ကနေစပြီး နှစ်ဆန်းအထိ တနိုင်ငံလုံးရှိလမ်းပေါ်မှာ စစ်ဆေးရေးဂိတ်တွေ တိုးမြှင့် ချထားကြောင်း၊  ဒီဇင်ဘာလ ၂၅ ရက်ကနေ ၂၇ ရက်နေ့ထိ ၃ ရက်တာကာလအတွင်း စစ်တိုင်းနယ်မြေ ၂ ခုမှာ မူးယစ်ပြီးမောင်းနှင်လို့ ဖမ်းဆီးခံထားရတဲ့ ယာဉ်အစီးပေါင်း  ၁၀၀ ရှိကာ အဲဒီထဲမှာ ဆိုင်ကယ် အစီး ၅၀ နဲ့ မော်တော်ကား အစီး ၅၀ ပါဝင်တယ်လို့  ထိုင်းနိုင်ငံ တည်ငြိမ်အေးချမ်းရေးကောင်စီ ပြောခွင့် ရက ပြောပါတယ်။

အဆိုပါ ဖမ်းဆီးရမှုတွေမှာ  အမှတ် ၂ စစ်တိုင်းဒေသနယ်မြေတွင်း ၃၆ ဦးနဲ့ အမှတ် ၃ စစ်တိုင်းဒေသနယ်မြေတွင်း ၆၄ ဦးရှိပြီး ယာဉ်မောင်းလိုင်စင် အသိမ်းခံရသူပေါင်း ၃၈ ဦးရှိတယ်လို့  ဆိုပါတယ်။

နှစ်သစ်ကူးကာလ ယာဉ်စည်းကမ်းတင်းကြပ်မှုတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေကိုကြိုတင် အသိပေးအကြောင်းကြားထားဖို့၊ မိမိကိုယ်မိမိ မထိန်းနိုင်မှန်းသိပါက အနားယူပြီးမှ ဆက်ေ မာင်းဖို့နဲ့ စစ်ဆေးရေးဂိတ်တိုင်းမှာ လူနာတင်ယာဉ်၊ ဆရာဝန်နဲ့ သူနာပြုတွေ အသင့်ပြင် ထားကြောင်းလည်း ဗိုလ်မှူးး ၀င်းထိုင်းဆုဝါးရီး က ပြောပါတယ်။

နှစ်ကူးကာလ တနိုင်ငံလုံးက လမ်းမကြီးပေါ်မှာတော့ စစ်ဆေးရေးဂိတ်ပေါင်း ၆၆၇ နေရာချထားကာ ထိုင်းနိုင်ငံ အလယ်ပိုင်းမှာ ၅၄ နေရာ၊ အရှေ့ပိုင်းမှာ ၁၉၅ နေရာ၊ မြောက်ပိုင်းမှာ ၃၆၁  နေရာ၊ တောင်ပိုင်းမှာ ၄၈ နေရာရှိကြောင်း၊  ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၅ မှ ၂၇ ရက်နေ့တွေအတွင်း ယာဉ်စည်းကမ်းဖောက်ဖျက်မှု အကြိမ်ပေါင်း ၃၆၃ ကြိမ်၊ ယာယီထိန်းသိမ်းခံရတဲ့ ဆိုင်ကယ် ၉၂ စီးရှိကာ ပြစ်ဒဏ်ပေးခံရသူ ၃၂၉ ဦးရှိကြောင်း၊ ယာဉ်စည်းကမ်းမလိုက်နာတဲ့ လိုင်းကား နဲ့ ကိုယ်ပိုင်ကားပေါင်း ၂၀၆ စီးရှိပြီး ယာဉ်မောင်း လိုင်စင်အသိမ်းခံရသူ ၈၂ ဦးရှိကာ လက်ရှိအမှုရင်ဆိုင်နေတဲ့သူပေါင်း ၂၀၇ ဦးရှိကြောင်း ထိုင်းရတ်သတင်းမှာ ဖော်ပြသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013