DVB Logo
Home
မြန်မာသတင်း
ဆမွတ်ဆာခွန်းတွင် ဆေးဝါးစက်ရုံမီးလောင် (ရုပ်သံ)
DVB
·
December 28, 2015
ဆမွတ်ဆာခွန်းတွင် ဆေးဝါးစက်ရုံမီးလောင်  (ရုပ်သံ)
Donate to DVB

မြန်မာရွှေ့ပြောင်းလုပ်သားတွေ အများအပြားနေထိုင်တဲ့ ထိုင်းနိုင်ငံအလယ်ပိုင်း ဆမွတ်ဆာခွန်းခရိုင် ဆမွတ်ဆာခွန်းမြို့မှာ  ဒီကနေ့ မနက် ၉ နာရီခွဲလောက်က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

အဆိုပါ မီးလောင်တဲ့နေရာဟာ  ဧရိယာအကျယ် တစ်ဧကကျော်တဲ့ TN M International Limited. တီအဲန်အမ် ဆေးဝါးထုတ်လုပ်ရေး စက်ရုံတစ်ခုမှာဖြစ်ပြီး မီးသတ်ကားပေါင်း အစီး ၂၀ နဲ့ အချိန် ၂ နာရီကြာ ငြိမ်းသတ်ခဲ့ရတယ်လို့ ဆမွတ်ဆာခွန်း ကွန်မြူနတီသတင်းမှာ ဖော်ပြပါတယ်။

မီးလောင်ရတဲ့အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှုတွေတော့ မသိရသေးကြောင်း၊ အသက် ၃၅ နှစ်ရွယ် အမျိုးသမီးတဦး မီးခိုးမွှန်တာကြောင့် ဆေးရုံကို ပို့ဆောင်ထားတယ်လို့ စက်ရုံတာဝန်ရှိသူ အပြောကို ကိုးကားပြီးသတင်းမှာ ဖော်ပြပါတယ်။

ကိုးကား - ခရက်တစ် ဆမွတ်ဆာခွန်း ကွန်မြူနတီသတင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013