DVB Logo
Home
မြန်မာသတင်း
ဖိမာ့က်ထိုင်းသရဲကားမှ မင်းသမီး ကမ္ဘာ့မျက်နှာအလှဆုံးမင်းသမီး စာရင်းထဲ ပါဝင်
DVB
·
December 28, 2015
ဖိမာ့က်ထိုင်းသရဲကားမှ မင်းသမီး ကမ္ဘာ့မျက်နှာအလှဆုံးမင်းသမီး စာရင်းထဲ ပါဝင်
Donate to DVB

မြန်မာပြည်က ထိုင်းရုပ်ရှင်ပရိသတ်တွေကြား ထင်ရှားခဲ့တဲ့ ဖိမာ့က် သရဲကားမှ ခေါင်းဆောင်မင်းသမီး မိုင် ဒါဝိကာဟာ ၂၀၁၅ ခုနှစ်ရဲ့ ကမ္ဘာ့မျက်နှာအလှဆုံး မိန်းကလေးတွေထဲမှာ စာရင်းပါဝင်ခဲ့ပါတယ်။

TC Candler အဖွဲ့မှ ကမ္ဘာ့မျက်နှာအလှဆုံး The 100 Most Beautiful Faces မိန်းကလေးဦးရေ ၁၀၀ ကို နှစ်စဉ် ရွေးချယ်လာတာ ၂၆ နှစ် တိုင်ခဲ့ပြီဖြစ်ပြီး ဒီ ၂၀၁၅ ခုနှစ်အတွက် ကမ္ဘာ့မျက်နှာအလှပိုင်ရှင် အမည်စာရင်းတင်သွင်းခံရသူ ၅ သောင်းအနက် နောက်ဆုံးဇကာတင် အယောက် ၁၀၀ ကို ရွေးချယ်ခဲ့တာလို့ ပြိုင်ပွဲကျင်းပရေးအဖွဲ့ဝက်ဆိုက်ကို ကိုးကားပြီး သနေးရှင်းသတင်းက ဖော်ပြပါတယ်။

အဆိုပါ ကမ္ဘာ့မျက်နှာ အလှဆုံးမိန်းကလေး ၁၀၀ ဦးထဲမှာ မြန်မာ့အိမ်နီးချင်းထိုင်းနိုင်ငံမှ ထိုင်းမင်းသမီး ၂ ဦးပါဝင်ခဲ့ပါတယ်။
မိုင်ဒါဝိကာ နဲ့အတူ ကမ္ဘာ့မျက်နှာအလှစာရင်းဝင် ထိုင်းမင်းသမီး နောက်ထပ်တစ်ဦးကတော့ ပွယ်တရီးချဒါးဖဒ်ခ်ျရတ် ဖြစ်ပါတယ်။

မိုင်ဒါဝိကာက အမှတ်စဉ် ၉၆ မှာပါဝင်ပြီး ပွယ်တရီးချဒါးက အမှတ်စဉ် ၆၃ မှာ ပါဝင်တာဖြစ်ပါတယ်။
ကမ္ဘာ့မျက်နှာအလှဆုံးပိုင်ရှင် ပထမရသူကတော့ တောင်ကိုးရီးယားနိုင်ငံမှ မင်းသမီး နားနား အင်မ်ဂျင်းအာ့ဟ် Nana Im Jin-ah ဘဲ ဖြစါပါတယ် ။ သူမကတော့ ကမ္ဘာ့မျက်နှာအလှဆုံး ပထမဆုကို ၂ နှစ်ဆက် တိုက်ရရှိခဲ့ပါတယ် ။
ရုပ်သံ - TC Candler

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013