DVB Logo
Home
မြန်မာသတင်း
မချောစန္ဒီထွန်းကို ထောင်ဒဏ် ၆ လ ချမှတ်
DVB
·
December 28, 2015
မချောစန္ဒီထွန်းကို ထောင်ဒဏ် ၆ လ ချမှတ်
Donate to DVB

လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်မှာ စစ်တပ်ရဲ့ ယူနီဖောင်း အရောင်သစ် ပြောင်းတဲ့အပေါ် သရော်တဲ့သဘောမျိုး ရေးသားခဲ့လို့ ဖမ်းဆီး တရားစွဲခံထားရတဲ့ မချောစန္ဒီထွန်းကို ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။

သူ့ကို ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) နဲ့ မအူပင်တရားရုံးက အပြီးသတ် အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ဖေ့စ်ဘွတ်ခ် လူမှုကူရက်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ဒါအခု ပထမဆုံး ချမှတ်တာ ဖြစ်တယ်လို့ မချောစန္ဒီထွန်းရဲ့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

“ဒီလို ဖေ့စ်ဘွတ်ခ်အကောင့်တွေမှာ ဖြစ်နေတဲ့ ပြဿနာနဲ့ပတ်သက်ရင် ကျနော်တို့ ဗမာပြည်မှာ ဒါ ပထမဆုံး ဖွင့်လှစ်တဲ့အမှုပဲ။ ဒါက လုပ်ငန်းကျွမ်းကျင်မှုမှာ ကျနော်တို့ ရှေ့နေအပိုင်းကလည်း လိုအပ်ချက်ရှိသလို ရုံးပိုင်းမှာလည်း လိုအပ်ချက်ရှိမှာပဲ။ ဘာလို့လဲဆိုတော့ ဖေ့စ်ဘွတ်ခ်နဲ့ပတ်သက်တဲ့ ပြဿနာက ဗမာပြည်မှာ အရင်ကလည်းမရှိဘူး၊ စီရင်ထုံးလည်းမရှိဘူး၊ လေ့လာစရာလည်းမရှိဘူး၊ ဒါပထမဆုံးပဲ။ ဖေ့စ်ဘွတ်ခ်အကောင့်မှာ ပေါ်ပေါက်ချက်အရ စွဲဆိုတာဆိုတော့ သိပ်တော့ ဆိုးလှတာတော့မရှိဘူး။ ဒါပေမယ့် တခုတော့ ပြောစရာရှိတာက လူတဦးတယောက်ရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ပတ်သက်ရင်တော့ လွတ်လွတ်လပ်လပ် ပြောခွင့်တော့ ရှိရမယ်ပေါ့။ ဒါတွေက နောက်အစိုးရသစ် လက်ထဲမှာ ပြန်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ပြောင်းလဲခြင်းလုပ်ဖို့တော့ လိုတယ်။”

မချောစန္ဒီထွန်းဟာ စတင်ဖမ်းဆီးခံရချိန်ကတည်းက အခုချိန်ထိ ချုပ်ရက် ၃ လလောက် ရှိတဲ့အတွက် ဒီကနေ့ အမိန့်ချမှတ်ရာမှာ ချုပ်ရက်ပါ ခံစားခွင့်ပေးတဲ့အတွက် ထောင်တွင်း ၃ လလောက်နေရမှာ ဖြစ်တယ်လို့လည်း ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

မချောစန္ဒီထွန်းဟာ စစ်ယူနီဖောင်းသစ်ကို သရော်မှု အပါအ၀င် ပုဒ်မ ၂ ခုနဲ့ တရားစွဲဆိုခံခဲ့ရပြီး ဒီဇင်ဘာ ၁၄ ရက်နေ့ ရုံးချိန်းတုန်းကတော့ သူ့ကိုစွဲဆိုထားတဲ့ ပုဒ်မ ၂ ခုထဲက ပုဒ်မ ၅၀၀ အသရေဖျက်မှုကို တရားရှင်လွှတ်ပေးခဲ့ပါတယ်။

ဒါပေမယ့် ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) နဲ့ မအူပင်အကျဉ်းထောင်ကနေပဲ အမှု ဆက်လက်ရင်ဆိုင်ခဲ့ရပြီး ဒီကနေ့ ထောင်ဒဏ်စီခံရတာ ဖြစ်ပါတယ်။

မချောစန္ဒီထွန်းဟာ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေတဲ့ပုံနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းပြောနေတဲ့ပုံတို့ကို တွဲတင်ပြီး စစ်တပ်ရဲ့ ယူနီဖောင်း အရောင်သစ်ကို ဒေါ်အောင်ဆန်းစုကြည် ၀တ်ဆင်တဲ့ ထဘီအရောင်နဲ့ နှိုင်းယှဉ် သရော်ခဲ့လို့ဆိုပြီး အောက်တိုဘာ ၁၂ ရက်နေ့က ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013