DVB Logo
Home
မြန်မာသတင်း
၂ နှစ်ပေါင်းပြီး အကယ်ဒမီဆု ၂၂ ခု ချီးမြှင့်မည်
DVB
·
December 28, 2015
၂ နှစ်ပေါင်းပြီး အကယ်ဒမီဆု ၂၂ ခု ချီးမြှင့်မည်
Donate to DVB

၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းမှာ ကျင်းပမယ့် ရုပ်ရှင်အကယ်ဒမီဆုပေးပွဲမှာ ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ် ၂ နှစ်ပေါင်းပြီး ဆုပေါင်း ၂၂ ခု ရွေးချယ်ချီးမြှင့်သွားမယ်လို့ ရုပ်ရှင်အစည်းအရုံးကနေ စုံစမ်းသိရှိရပါတယ်။

၂၀၁၄ ခုနှစ်အတွင်း ရုံတင်ပြသခဲ့တဲ့ ဇာတ်ကား ၁၇ ကားနဲ့ ၂၀၁၅ မှာ ရုံတင်ခဲ့တဲ့ ဇာတ်ကား ၁၀ ကား၊ စုစုပေါင်း ဇာတ်ကား ၂၇ ကားကနေ ဆုပေါင်း ၂၂ ဆု ရွေးပြီး ပေးအပ်မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကစပြီး ရုပ်ရှင်အကယ်ဒမီဆုတွေကို အစိုးရက မပေးတော့ဘဲ ရုပ်ရှင်အစည်းအရုံးက ရွေးချယ်ပေးအပ်ခဲ့တာဖြစ်ပြီး ဆုရွေးချယ်တာနဲ့ ဆုပေးပွဲ ကျင်းပခဲ့ပုံအပေါ် ဝေဖန်မှုတွေ အကြီးအကျယ် ပေါ်ထွက်ခဲ့ပါတယ်။

တခါ ဆုပေးတဲ့နေ့က ဆုရရှိသူတဦးရဲ့ ကျေးဇူးတင်စကားကြောင့်လည်း အကယ်ဒမီပွဲ ပွဲဆူခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013