DVB Logo
Home
မြန်မာသတင်း
ဖားကန့် မြေစာပုံပြိုကျ ပျေက်ဆုံး လူရှာမှု ရပ်ဆိုင်း
DVB
·
December 27, 2015
ဖားကန့် မြေစာပုံပြိုကျ ပျေက်ဆုံး လူရှာမှု ရပ်ဆိုင်း
Donate to DVB

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကောင်းခါးကျေးရွာအုပ်စုမှာ မြန်မာတကောင်းကုမ္ပဏီက စွန့်ပစ်တဲ့ မြေစာပုံပြိုကျရာမှာ ပါသွားတဲ့သူတွေ ရှာဖွေတဲ့လုပ်ငန်းကို ဒီနေ့ မွန်းလွဲပိုင်းမှာ ရပ်ဆိုင်းလိုက်ပါတယ်။

ဒီဇင်ဘာ ၂၅ ရက် ညနေပိုင်း မြေစာပုံပြိုကျခဲ့မှုအတွင်း ရေမဆေးကျောက်သမား ၅၀ လောက် ပျောက်ဆုံးခဲ့ပြီး ဒီနေ့ထိ အလောင်းတွေ ရှာဖွေနိုင်ခြင်းမရှိပါဘူး။ စွန့်ပစ်မြေစာပုံမှာ ကုမ္ပဏီတွေက မြေစာစွန့်ပစ်တာကိုလည်း လတ်တလော ရပ်ဆိုင်းထားတယ်လို့ အဲ့ဒီနေရာရောက်နေတဲ့ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။

ဖားကန့်မှာ မြေစာပုံပြိုကျမှု မကြာခဏဖြစ်ပွားနေပြီး အခု တကြိမ်ပြိုကျမှုဟာ ဒီဇင်ဘာအတွင်း ၃ ကြိမ်မြောက် ပြိုကျတာ ဖြစ်ပါတယ်။

လွှတ်တော်နာယက သူရဦးရွှေမန်းက ဖားကန့်မှာ မြေပြိုကျမှု မကြာခဏ ဖြစ်ပွားနေတာနဲ့ ပတ်သက်လို့  အစိုးရအနေနဲ့ လွှတ်တော်မှာ အမြန်ရှင်းလင်းတင်ပြပြီး ဆက်လက်စီမံလုပ်ဆောင်ဖို့ သ၀ဏ်လွှာပို့ တိုက်တွန်းထားပါတယ်။

အစိုးရကလည်း ဒီဇင်ဘာ ၁၉ ရက်မှာ ကချင်ပြည်နယ်၊ ကန်ပိုက်တီးဒေသကို ၀င်ရောက်လာတဲ့ စက်ယန္တရားတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ဆိုပြီး  အဖွဲ့ဝင် ၄ ဦးပါ အဖွဲ့တဖွဲ့ ဖွဲ့လိုက်ပါတယ်။

အမျိုးသားလွှတ်တော်၊ သတ္တုသယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဦးလှဆွေကတော့ ဥပဒေအားနည်းချက်ကြောင့် ဒီပြဿနာတွေ ဖြစ်ပွားနေတာလို့ ပြောပါတယ်။

လုပ်ကွက်တွေကို အကျယ်ကြီးချထားပေးပြီး သက်တမ်းကျ တိုတိုပဲပေးတာကလည်း အဓိကကျတဲ့ပြဿ နာတခုလို့ သူက ပြောပါတယ်။

လွှတ်တော်က မကြာခင် ပြဋ္ဌာန်းနိုင်မယ့် သတ္တုတွင်းဥပဒေကို ပြင်ဆင်တဲ့ဥပဒေ ထုတ်ပြန်လိုက်နိုင်ရင်လည်း ဒီပြဿ နာတွေ ပြေလည်သွားနိုင်တယ်လို့ ဆိုပါတယ်။

ဖားကန့်ဒေသခံတွေကတော့ ရွေးကောက်ပွဲအပြီးကစလို့ ကျောက်မျက်တူးတဲ့ ကုမ္ပဏီတွေက စက်ယန္တရားကြီးတွေ သုံးပြီး ကျောက်မျက်ကို အလွန်အကျွံ တူးဖော်နေကြတာလို့ ပြောပါတယ်။

သတ္တုတွင်းဝန်ကြီးဌာနရဲ့ စာရင်းဇယားတွေအရ ဖားကန့်နဲ့ လုံးခင်းမှာ ကုမ္ပဏီပေါင်း ၈၅၀ ကျော်ကို စုစုပေါင်းဧရိယာ ၂၂၅၅ ဒသမ ၃ဝ ဧက လုပ်ကိုင်ခွင့်ပြုထားကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013