DVB Logo
Home
မြန်မာသတင်း
ထိုင်းသံရုံးရှေ့ သံပြိုင်ဟစ်ကြွေး ဆန္ဒပြခဲ့ကြသည့် ကိုရီးယားရောက်မြန်မာများ (ရုပ်သံ)
DVB
·
December 27, 2015
ထိုင်းသံရုံးရှေ့ သံပြိုင်ဟစ်ကြွေး ဆန္ဒပြခဲ့ကြသည့် ကိုရီးယားရောက်မြန်မာများ (ရုပ်သံ)
Donate to DVB

မြန်မာလူငယ်နှစ်ဦးအရေး တရားမျှတမှုရှိအောင် လုပ်ဆောင်ပေးဖို့ ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ စုပေါင်းပြီး ဆန္ဒပြပွဲတခု ကိုရီးယားမှာ ဒီနေ့ ပြုလုပ်ခဲ့ကြပါတယ်။

ကိုရီးယားစံတော်ချိန် ဒီနေ့ မွန်းတည့် ၁၂ နာရီက ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၊ ဟန်နမ်းရပ်ကွက်ရှိ သံရုံးလမ်းမမှာ ရှိတဲ့ ထိုင်းသံရုံးရှေ့ကို ကိုရီးယားရောက်မြန်မာ ၅၀၀ လောက် သွားရောက်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒပြပွဲ ဦးဆောင်သူတဦးဖြစ်တဲ့ ကိုရီးယား အန်အယ်လ်ဒီလွတ်မြောက်နယ်မြေ ကိုရီးယားဌာနခွဲ ဒုတိယဥက္ကဋ္ဌ ကိုရန်နိုင်ထွန်းက သူတို့ ဆန္ဒပြခဲ့ကြပုံကို ခုလို ပြောပြပါတယ်။

“ကိုရီးယားမှာရှိတဲ့ မြန်မာတွေ တချို့လည်း ရထားနဲ့၊ တချို့လည်း ကားနဲ့ နည်းလမ်းပေါင်းစုံကလာကြတဲ့ မြန်မာ စုစုပေါင်း ၅၀၀ လောက် ရှိပါတယ်။ ပြီးတော့ ထိုင်းသံရုံးရှေ့မှာ ပိုစတာတွေ  နောက်ပြီးတော့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာလူငယ်နှစ်ဦးကို အမြန်ဆုံးလွှတ်ပေးဖို့ ထိုင်းဘုရင်မင်းမြတ်ကို တောင်းပန်တဲ့ ပိုစတာတွေ တရားမျှတမှုကို လိုလားပါတယ်ဆိုတဲ့ ပိုစတာတွေကို ကိုင်ဆောင်ထားကြပါတယ်။”

ကိုရီးယားရောက် မြန်မာတွေရဲ့ လိုလားချက်နဲ့ ကြေညာချက်တွေကို ထိုင်းသံရုံးကို ပေးခဲ့ပေမယ့် သံရုံးက လက်မခံလို့ သံရုံးရှေ့မှာပဲ ချထားခဲ့ရတယ်လို့လည်း ပြောပါတယ်။

ကိုရီးယားရောက်မြန်မာတွေဟာ ကိုရီးယားနိုင်ငံရဲ့ သုညအောက် အနုတ် ၈ဒီဂရီ စင်တီဂရိတ် အေးခဲနေတဲ့ ရာသီဥတုကို အန်တုပြီး ထိုင်းသံရုံးရှေ့မှာ မြန်မာနိုင်ငံတော်သီချင်းကို သံပြိုင်သိဆီုပြီး ဆန္ဒပြခဲ့ကြတာလည်း ဖြစ်ပါတယ်။

ထိုင်းမှာ ဒီဇင်ဘာ ၂၄ ရက်က သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာလူငယ် ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ လွတ်မြောက်ရေးအတွက် ပြည်တွင်းမှာ နေရာအနှံ့ ကန့်ကွက်ဆန္ဒပြနေကြသလို ဂျပန်နဲ့ ကိုးရီးယားနိုင်ငံတို့မှာလည်း အဲ့ဒီရောက် မြန်မာတွေက ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013