DVB Logo
Home
မြန်မာသတင်း
ဘုရားသုံးဆူနယ်စပ် စက်ရုံများ ယာယီပိတ်၊ မြန်မာဘက်သွား ထိုင်းနိုင်ငံသားများ ပြန်လာရန် တိုက်တွန်း
DVB
·
December 27, 2015
ဘုရားသုံးဆူနယ်စပ် စက်ရုံများ ယာယီပိတ်၊ မြန်မာဘက်သွား ထိုင်းနိုင်ငံသားများ ပြန်လာရန် တိုက်တွန်း
Donate to DVB

ထိုင်းနိုင်ငံမှာ သေဒဏ်အမိန့်ချခံထားရတဲ့ မြန်မာနိုင်ငံသား ၂ ဦး လွတ်မြောက်ရေး ဆန္ဒပြမှုတွေကြောင့် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူ ထိုင်းဘက်ခြမ်း စက်ရုံတွေကို ဒီကနေ့ ယာယီ ပိတ်ထားပါတယ်။

ထိုင်းနိုင်ငံထဲမှာ မြန်မာဘက်ကနေ လာရောက် အလုပ်လုပ်ကိုင်သူ လူဦးရေ ၃၀၀၀ လောက်ရှိတယ်လို့ ဒီကနေ့ ryt9 သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ဒီဇင်ဘာ ၂၆ ရက်နေ့က ဘုရားသုံးဆူ မြန်မာဘက်ခြမ်းမှာ လူရာချီ ဆန္ဒပြခဲ့ကြပြီး အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေဟာလည်း သူတို့နေရပ်ကို ပြန်သွားကြတာကြောင့် စက်ရုံအားလုံးကိုလည်း ပုံမှန် အခြေအနေ ပြန်ဖြစ်လာတဲ့အထိ ယာယီ ပိတ်ထားတယ်လို့ သတင်းက ဆိုပါတယ်။

မြန်မာနိုင်ငံသားတွေဟာ ထိုင်းဘက်ခြမ်းမှာရှိတဲ့ ဖိနပ်စက်ရုံ၊ သားရေစက်ရုံ၊ ကားဆို ဖာစက်ရုံ စတဲ့ အထည်ချုပ်စက်ရုံတွေမှာ သွားရောက် လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

ထိုင်းနဲ့ မြန်မာ နှစ်ဖက် တာဝန်ရှိသူတွေကလည်း နယ်စပ်ဂိတ်ကို ယာယီပိတ်ထားပါတယ်။ ထိုင်းအစိုးရ တာဝန်ရှိသူတွေကလည်း အခြေအနေတွေကို စောင့်ကြည့်လေ့လာနေကြောင်း  ဖော်ပြထားပါတယ်။

အမှတ် ၉ ထိုင်းစစ်တပ်အရာရှိတဦးရဲ့ ပြောကြားချက်အရ နယ်စပ်မှာလည်း လုံခြုံရေး အရ တင်ကျပ်ထားတာ မရှိတဲ့အတွက် မြန်မာဘက်ကမ်းကို သွားလည်တဲ့ ထိုင်းနိုင်ငံသားတွေအနေနဲ့ အမြန်ဆုံးပြန်လာဖို့ တိုက်တွန်းထားကြောင်း သိရပါတယ်။

ဒီဇင်ဘာ ၂၆ ရက်နေ့က ဘုရားသုံးဆူ အပါအ၀င် တာချီလိတ်နယ်စပ် ဂိတ်တွေမှာ မြန်မာနိုင်ငံသား ၂ ဦး လွတ်မြောက်ရေးအတွက် ဆန္ဒပြခဲ့ကြသလို ရန်ကုန်မှာရှိတဲ့ ထိုင်းသံရုံရှေ့မှာ ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဒီဇင်ဘာ ၂၄ ရက်နေ့က  မြန်မာအလုပ်သမား ၂ ဦးဖြစ်တဲ့ ဇော်လင်း နဲ့ ၀င်းဇော်ထွန်းတို့ကို ဗြိတိန်နိုင်ငံသား ၂ ဦးအား သတ်ခဲ့တဲ့အမှုနဲ့ ကော့စမွီခရိုင်တရားရုံးက သေဒဏ်ချမှတ်ပြီးတဲ့နောက် ဆန္ဒပြမှုတွေ ဆက်တိုက်ပြုလုပ်နေကြတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013