DVB Logo
Home
မြန်မာသတင်း
ဘုရားသုံးဆူနယ်စပ်ဂိတ်ကို မြန်မာဘက်က ယာယီပိတ် (ရုပ်သံ)
DVB
·
December 26, 2015
ဘုရားသုံးဆူနယ်စပ်ဂိတ်ကို မြန်မာဘက်က ယာယီပိတ် (ရုပ်သံ)
Donate to DVB

ထိုင်း-မြန်မာနယ် ဘုရားသုံးဆူ နယ်စပ်ဂိတ်ကို မြန်မာ အစိုးရက ဒီဇင်ဘာ ၂၆ ရက်နေ့ မွန်းလွဲပိုင်းမှာ ယာယီပိတ်ထားလိုက်ပါတယ်။

ဘုရားသုံးဆူကနေ ထိုင်းနိုင်ငံ တဘက်ကမ်း စံခလဘူရီမြို့နယ်မှာ လာရောက် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေကလည်း တဖြည်းဖြည်း နေရပ်ကို ပြန်နေကြ ကြောင်း ထိုင်း PBS သတင်းမှာ ဖော်ပြထားပါတယ်။

ဒီမနက်ပိုင်းမှာ ဘုရားသုံးဆူမြိ့နယ်မှာ လူဦးရေ ၂၀၀ လောက် ဆန္ဒပြမှုတွေ ပြုလုပ်မယ်ဆိုပြီး သတင်းထွက်ပေါ်လာပြီး နောက်ပိုင်းမှာ နယ်စပ်ဂိတ်ကို ပိတ်လိုက်တာ ဖြစ်ကြောင်း သတင်းက ဆိုပါတယ်။

နယ်စပ်ဂိတ်ပိတ်လိုက်တာဟာ ထိုင်းနိုင်ငံ တောင်ပိုင်း ကော့စမွီတရားရုံးက သေဒဏ်ချမှတ်လိုက်တဲ့ မြန်မာနိုင်ငံသား ၂ ဦးနဲ့ သက်ဆိုင်မှု ရှိမရှိကိုတော့ မသိရှိရကြောင်း၊ ထိုင်းအစိုးရကလည်း စုံစမ်းမှုတွေ ပြုလုပ်နေတယ်လို့ သတင်းမှာ ရေးသားထားပါတယ်။

လတ်တလောမှာတော့ အဲဒီနယ်စပ်ဂိတ်ကနေ မြန်မာအစိုးရက ဘာကိုမှ သယ်ယူသွားလာခွင့်မပြုတော့ကြောင်း သတင်းက ဆိုပါတယ်။

နေ့လယ် ၃ နာရီ ထိုင်းသတင်းတွေဖော်ပြချက်အရ ထိုင်း-မြန်မာနယ် ဘုရားသုံးဆူ နယ်စပ်ဂိတ် မြန်မာဘက်ခြမ်းမှာ လူရာချီ ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013