DVB Logo
Home
မြန်မာသတင်း
ကြွေးကြော်သံများနှင့် ပြည်လမ်းပေါ်က ဆန္ဒပြပွဲ (ရုပ်သံ)
DVB
·
December 26, 2015
ကြွေးကြော်သံများနှင့် ပြည်လမ်းပေါ်က ဆန္ဒပြပွဲ (ရုပ်သံ)
Donate to DVB

ရန်ကုန်မြို့ မနောဟရီလမ်း ထိုင်းသံရုံးအနီး ပြည်လမ်းထောင့်မှာ ဒီနေ့ လာရောက်ဆန္ဒပြနေတဲ့ ပြည်သူတွေ တဖြည်းဖြည်း များလာနေပြီး ရဲတပ်ဖွဲ့ကလည်း ညနေ ၄ နာရီ နောက်ဆုံးထား လူစုခွဲပေးဖို့ ပြောကြားထားပါတယ်။

ထိုင်းနိုင်ငံ ကော့စမွီခရိုင်တရားရုံးက မြန်မာလူငယ်နှစ်ဦးကို သေဒဏ်ချမှတ်ခဲ့မှုနဲ့ပတ်သက်ပြီး တရားဥပဒေနဲ့အညီ ပြန်လည်စီရင်ပေးဖို့ လာရောက်ဆန္ဒပြနေတာ ဒီနေ့နဲ့ဆို နှစ်ရက်ရှိဖြစ်ပါတယ်။

ဒီနေ့ လာရောက်ဆန္ဒပြသူ ၁၀၀ ကျော်ရှိပြီး ထိုင်းတရားစီရင်မှု အလိုမရှိ အလိုမရှိ we want Justice ဇော်လင်းနဲ့ ၀င်းဇော်ထွန်းတို့ လွတ်မြောက်ရေး ဒို့အရေးဒို့အရေး စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြနေကြပါတယ်။

ဆန္ဒပြ ဘုန်းတော်ကြီးတပါးကလည်း ရုန်းရင်းဆန်ခတ်မဖြစ်ဖို့နဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေဖို့ မေတ္တာရပ်ခံ ပန်ကြားခဲ့ပါတယ်။

မနှစ် နှစ်ကုန်ပိုင်းက ထိုင်းတောင်ပိုင်းမှာ  ဗြိတိသျှလူငယ်နှစ်ဦး အသတ်ခံရမှုနဲ့ စွပ်စွဲဖမ်းဆီးခံရပြီး အမှုရင်ဆိုင်ခဲ့ကြရတဲ့ ဇော်လင်းနဲ့ ဝေဖြိုး (ခေါ်) ၀င်းဇော်ထွန်းတို့ကို ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွီခရိုင် တရားရုံးက ဒီဇင်ဘာ ၂၄ ရက်နေ့က သေဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။
ရုပ်သံ - ကောင်းထက်ကျော်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013