Home
မြန်မာသတင်း
ဖားကန့် မြေစာပုံထပ်ပြို၊ လူ ၅၀ ခန့် ပျောက်ဆုံး
DVB
·
December 26, 2015
12391767_796947747100144_7495509635404243383_n
10253891_796947697100149_8831459040374462275_n
10253891_796947310433521_4033133740787564701_n
1933843_796948587100060_148705152699222098_n
1480569_796947450433507_7816016665283833181_n
994747_796948613766724_6637039721064958053_n
922927_796948223766763_3554882142687598140_n
3367_796948033766782_7357681193700279733_n
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကောင်းခါးကျေးရွာအုပ်စုမှာ ကျောက်စိမ်းတူးဖော်ပြီး စွန်ပစ် မြေစာပုံပြိုကျတဲ့အတွက် လူ ၅၀ နီးပါး ပျောက်ဆုံးနေပါတယ်။ ဒီဇင်ဘာ ၂၅ ရက် ညနေ ၄ နာရီကျော်က မြေစာပုံ ပြိုကျခဲ့တာဖြစ်သလို မြေစာပုံနားမှာ ကျောက်ကောက်နေတဲ့သူ ၅၀ နီးပါး ပျောက်ဆုံးနေတယ်လို့ ဒီနေရာကို ရောက်နေတဲ့ ဒီဗွီဘီ သတင်းထောက်က ပြောပါတယ်။ “သူတို့ စာရင်းတွေလိုက်ကောက်လိုက်တဲ့ အချိန်မှာ ၄၀ နဲ့ ၅၀ ကြားမှာရှိတယ်။ အခုက ဘတ်ဖိုး ၅ စီးနဲ့ သူတို့ ကုတ်ပြီး ရှာနေတယ်။ ဒါပေမယ့် ဒီကနေ့ နေလယ် ၁၂ ကျော်တဲ့အထိကတော့ အလောင်းတလောင်းမှ ရှာမတွေ့သေးဘူး” လို့ ဒီဗွီဘီ သတင်းထောက် အိမ်ခိုင်မြဲက ပြောပါတယ်။ ပြိုကျတဲ့မြေစာပုံဟာ အမြင်ပေ ၁၀၀၀ နီးပါးမြင့်ပြီး ကျောက်လာကောက်တဲ့သူတွေ ကျောက်လာရှာဖွေနေစဉ်မှာ ပြိုကျသွားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာ ၂၁ ရက်နေ့ကလည်း ဖားကန့်မှာ မြေစာပုံပြိုကျခဲ့တဲ့အတွက် လူ ၁၀၀ ကျော်သေဆုံးခဲ့ပါတယ်။ ဓာတ်ပုံ - ခိုင်မြဲ  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024