DVB Logo
Home
မြန်မာသတင်း
သေဒဏ်ကျခံ မြန်မာ ၂ ဦးကို လုံခြုံရေးတင်းကျပ်သည့်ထောင် ပြောင်းရွှေ့ပြီ
DVB
·
December 26, 2015
သေဒဏ်ကျခံ မြန်မာ ၂ ဦးကို လုံခြုံရေးတင်းကျပ်သည့်ထောင် ပြောင်းရွှေ့ပြီ
1 / 4
Donate to DVB

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ် ချမှတ်ခံထားရတဲ့ မြန်မာလူငယ် ၀င်းဇော်ထွန်းနဲ့ ဝေဖြိုးတို့ကို ဒီကနေ့ မနက် ၅ နာရီမှာ နခွန်စီထမရတ် ထောင်ကို ပြောင်းလိုက်ပါတယ်။

ကော့စမွီခရိုင် အကျဉ်းထောင်ကနေ လမ်းတလျှောက် လုံးခြုံရေး အပြည့်နဲ့ အဲဒီအကျဉ်းထောင်ကို ပြောင်းရွှေ့လိုက်ကြောင်း ထိုင်းဒေးလီနယူး အင်တာနက် စာမျက်နာမှာ ဖော်ပြထားပါတယ်။

အခု ထိုင်းသတင်းမှာတော့ ထောင်ပြောင်းရတဲ့ အကြောင်းအရင်းကို ရေးသား ဖော်ပြထားတာ မရှိပါဘူး။ ဒါပေမယ့် သတင်းထောက်ရဲ့ သတင်းပေးပို့အချက်အရ ကော့စမွီ၊ ဖန်းငနဲ့ ခိုတောင်ကျွန်းမှာ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေက ကော့စမွိုင် တရားရုံးအရှေ့မှာ ဆန္ဒပြတာတွေ ပြုလုပ်မယ်လို့ သတင်းကြားသိရကြောင်း ရေးသားထားပါတယ်။

မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေကတော့ ဒီနေ့အထိ ဆန္ဒပြမှုတွေ ပြုလုပ်တာ မရှိသေးပါဘူး။

ကောစမွီအကျဉ်းထောင် အကြီးအကဲနဲ့ စကားပြောခဲ့တဲ့ မြန်မာ ၂ ဦးအရေး ဆောင်ရွက်ပေးနေတဲ့ အင်ဒီဟောရဲ့ ဖေ့ဘွတ်ခ်မှာတော့ ကောစမွီခရိုင်အကျဉ်းထောင်က သေဒဏ်ကျခံတဲ့သူတွေကို ထားရှိဖို့ အခြေအနေမရှိတဲ့အတွက် တခြားအကျဉ်းထောင်ကို ပြောင်းရွှေ့ရမယ်လို့ ရေးထားပါတယ်။

လုံခြုံရေး ပိုမိုကောင်းမွန်တဲ့ အကျဉ်းထောင်ကို ရောက်ရင်တော့ သူတို့ ၂ ဦးကို ချည်နှော်င်ထားတဲ့ ခြေကျဉ်းတွေကိုလည်း ဖြုတ်ပေးမယ်လို့ ဆိုထားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013