DVB Logo
Home
မြန်မာသတင်း
လူငယ်နှစ်ဦး သေဒဏ်အပေါ် ပြန်သုံးသပ်ရန် မြန်မာက ထိုင်းကို တိုက်တွန်း
DVB
·
December 26, 2015
လူငယ်နှစ်ဦး သေဒဏ်အပေါ် ပြန်သုံးသပ်ရန် မြန်မာက ထိုင်းကို တိုက်တွန်း
Donate to DVB

မြန်မာပြည်သူတွေရဲ့ ခံစားချက်နဲ့ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ထောက်ထားပြီး မြန်မာလူငယ်ဦးရဲ့ သေဒဏ်အပေါ် ထိုင်းအစိုးရက ပြန်သုံးသပ် လုပ်ဆောင်ပေးဖို့ မြန်မာအစိုးရက ထိုင်းအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ဒီဇင်ဘာ ၂၅ ရက်က ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဦးဝင်းမောင်က ထိုင်းဝန်ကြီးချုပ် ရုံးဝန်ကြီး ပန်နာဒါနဲ့တွေ့ဆုံခဲ့ပြီး မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ သတင်းစကားကို အခုလို တဆင့်ခံပြောကြားခဲ့တာလို့ သမ္မတရုံးညွှန်ကြားရေးမှူးရဲ့ အင်တာနက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။

ဒါ့အပြင် ထိုင်းဝန်ကြီးချုပ်အနေနဲ့ အကျဉ်းကျနေတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို ကူညီစောင့်ရှောက်ပေးဖို့ ပြောကြားခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

မြန်မာသံအမတ်နဲ့ ထိုင်းဝန်ကြီးတို့ တွေ့ဆုံပွဲမှာ ထိုင်းဝန်ကြီးက မြန်မာနိုင်ငံမှာရှိတဲ့ ထိုင်းသံရုံးရှေ့မှာ ဆန္ဒပြတာတွေနဲ့ ပတ်သက်ပြီး မြန်မာရောက် ထိုင်းနိုင်ငံသားတွေအတွက် စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့ပါတယ်။

မြန်မာဘက်က မြန်မာပြည်သူတွေဟာ "၀င်း" နဲ့ "ဇော်" တို့အတွက် တရားမျှတမှုကို တောင်းဆိုနေခြင်းသာ ဖြစ်ပြီး မြန်မာရောက် ထိုင်းနိုင်ငံသားတွေကို ဒုက္ခပေးတာမျိုး၊ နှစ်နိုင်ငံ ချစ်ကြည်ရေးနဲ့ ဆက်ဆံရေးကို ထိခိုက်စေမယ့် လုပ်ဆောင်ချက်တွေ လုပ်ဆောင်မှာ မဟုတ်ကြောင်း ပြန်ပြောခဲ့ပါတယ်။

တခါ ထိုင်းဘက်က ထိုင်းရဲ့ လက်ရှိအုပ်ချုပ်ရေးစနစ်အရ ထိုင်းတွေဆန္ဒပြတာကိုပင် တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတဲ့အတွက် မြန်မာတွေဆန္ဒပြမှာကို ထိန်းပေးဖို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

မြန်မာသံအမတ်က ထိုင်းမှာရှိတဲ့ မြန်မာလူမှုအဖွဲ့ခေါင်းဆောင်တွေကတဆင့် ဆန္ဒပြတာတွေ မလုပ်ဖို့ ပြောဆိုထားပြီးဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

သမ္မတရုံးညွှန်ကြားရေးမှုး ဦးဇော်ဌေးရဲ့ အင်တာနက်စာမျက်နှာမှာ မြန်မာလူငယ်နှစ်ဦး သေဒဏ်ချမျတ်ခံရမှုနဲ့ ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ တရားဥပဒေ ကြောင်းအရ တရားရုံးအဆင့်ဆင့် ရေဆုံးရေဖျားအထိ လုပ်ဆောင်သွားမယ်လို့ ရေးသားဖော်ပြထားပါတယ်။

မနှစ် နှစ်ကုန်ပိုင်းက ထိုင်းတောင်ပိုင်းမှာ ဗြိတိသျှလူငယ်နှစ်ဦး အသတ်ခံရမှုနဲ့ အမှုရင်ဆိုင်ခဲ့ကြရတဲ့ တရားခံ ဇော်လင်းနဲ့ ဝေဖြိုး (ခေါ်) ၀င်းဇော်ထွန်းတို့ကို ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွီခရိုင် တရားရုံးက ဒီဇင်ဘာ၂၄ရက်မှာ သေဒဏ်ချမှတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013