DVB Logo
Home
မြန်မာသတင်း
ကျမတို့ ကလေး ၂ ယောက်ကို ကယ်ပေးပါ - မေခလာ
DVB
·
December 25, 2015
ကျမတို့ ကလေး ၂ ယောက်ကို ကယ်ပေးပါ - မေခလာ
1 / 4
Donate to DVB

လိပ်ကျွန်းလူသတ်မှုအတွက် သေဒဏ်ချလိုက်တဲ့ အပေါ် ပြန်လည် ဆုံးဖြတ်ပေးဖို့ ထိုင်းသံရုံး အနီးက ပြည်လမ်းမပေါ်မှာ ဆန္ဒပြတဲ့နေရာကို အနုပညာရှင်တွေလည်း ရောက်လာပါတယ်။

ဒီအထဲမှာ အဆိုတော်မေခလာနဲ့ ခင်ပွန်း ကိုရန်ကျော်တို့လည်း ရောက်ရှိလာတာကို ဓာတ်ပုံတွေမှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
အဆိုတော်မေခလာကလည်း သေဒဏ်ဆုံးဖြတ်ချက်ကြောင့် ဘာတခုမှ မလုပ်နိုင်သလို သီချင်းသွားဆိုတော့လည်း စိတ်မပါတဲ့အကြောင်း သူရဲ့ လူမှုရေးကွန်ရက် ဖေ့ဘွတ်ခ်မှာ ရေးသားထားပါတယ်။

“ကျမ ဒီနေ့ ဘာ အလုပ်မှ မလုပ်နိုင်ပါ၊ သီချင်းသွားဆိုတော့လည်း စိတ်မပါ၊ ရင်ထဲမှာ တင်းကျပ်ပြီး မျက်ရည်ကျပြီး တချိန်လုံး ငိုချင်နေတယ်။ ကျမတို့ မြန်မာလူမျိုးကို ဘာလို့ ဒီလောက် နှိမ်ချင်တာလည်း၊ ကျမ ကလေး တယောက်လို အော်ဟစ်ပြီး အားလုံး ကြားအောင်တောင်းဆိုချင်ပါတယ်။”လို့ မေခလာက ရေးသားထားပါတယ်။
လက်ရှိသမ္မတကြီး ဦးသိန်းစိန်နဲ့ အာဏာမရရှိသေးပေမယ့် လူအများ ကြည်ညို လေးစားတဲ့ နိုဘယ်ယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့ ၀ိုင်းပြီး ကူညီပြောပေးကြဖို့ မေခလာက တောင်းဆိုထားပါတယ်။

အပြစ်မရှိတဲ့ ကလေး နှစ်ယောက် အခုလို သေဒဏ်အထိ ချမှတ်ခံရတာ ရက်စက် လွန်းရာရောက်ပြီး မြန်မာပြည်သား တွေအတွက် သိက္ခာတရားပါ ကျစေကြောင်း၊ ဆင်းရဲလို့ တိုင်းတပါးမှာ ဝမ်းစာရှာစား နေရတဲ့အထဲ အခုလို မတရားစော်ကားခံရတာ ကိုယ့်လူမျိုး အတွက် ယူကျုံးမရ စိတ်မချမ်းသာ ဖြစ်ရကြောင်း၊ ကျမတို့ ကလေးနှစ်ယောက်ကို ကယ်ပေးပါလို့ မေခလာက အနူးအညွတ်တောင်းပန်ထားပါတယ်။
ဓာတ်ပုံ - ကောင်းထက်ကျော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013