DVB Logo
Home
မြန်မာသတင်း
မြစ်ကြီး​နား​-ဗန်း​မော် ကား​လမ်း​ပေါ် တိုက်ပွဲဆက်ဖြစ်
DVB
·
July 18, 2011
မြစ်ကြီး​နား​-ဗန်း​မော် ကား​လမ်း​ပေါ် တိုက်ပွဲဆက်ဖြစ်
Donate to DVB

ဒီက​နေ့​ မနက်ပိုင်း​က မြစ်ကြီး​နား​-ဗန်း​မော် ကား​လမ်း​တ​လျှောက်မှာ မြန်မာစစ်တပ်နဲ့​ ကချင်ပြည်လွတ်လပ်​ရေး​တပ်မ​တော်(​ကေအိုင်​အေ)အကြား​ ၃ ရက်​မြောက်အဖြစ် တိုက်ပွဲဆက်ဖြစ်ခဲ့​ပါတယ်။

မြစ်ကြီး​နား​အ​ခြေစိုက် ​မြောက်ပိုင်း​တိုင်း​စစ်ဌာနချုပ် (မပခ) လက်​အောက်ခံတပ်​တွေက ဝိုင်း​မော်မြို့​နယ်၊​ ​ရွှေ​ညောင်ပင်​ကျေး​ရွာက​နေ စစ်​ကြောင်း​ ၂ ​ကြောင်း​ခွဲပြီး​ ချီတက်လာရာမှာ ​ကေအိုင်​အေ တပ်ဖွဲ့​က ချုံခိုတိုက်ခိုက်ခဲ့​တာ ဖြစ်တယ်လို့​ ​ကေအိုင်​အေနဲ့​ နီး​စပ်သူတဦး​က ​ပြောပါတယ်။

“အခု မနက်ဖြစ်တဲ့​တိုက်ပွဲမှာက အစိုး​ရတပ်ဘက်က ​ကေအိုင်​အေရဲ့​ ချုံခိုတိုက်ခိုက်မှု ဝင်တိုး​မိတယ်လို့​ ​ပြောတယ်။ သူတို့​က ​ရွှေ​ညောင်ပင်က​နေ လမ်း​လျှောက်ပြီး​ တက်လာတာ။ တချို့​က ကား​လမ်း​က​နေ သွား​တယ်၊​ ကား​လမ်း​က​နေ သွား​တဲ့​ အဖွဲ့​တွေက ကြိုး​တံတား​ဖြတ်ပြီး​ ဒဘတ်ယန် ​ရောက်တဲ့​အခါမှာ အပစ်ခံရတယ်​ပြောတယ်။ တဖွဲ့​က​တော့​ ဂါး​ဒါယန် ရွာထိပ်က ​တောထဲမှာ အပစ်ခံရတယ်၊​ သူတို့​က ဒဘတ်​ချောင်း​ မကူး​ခင် အပစ်ခံ ရတယ် ​ပြောတယ်။ နှစ်​နေရာ ဖြစ်တယ်လို့​ ​ပြောတယ်။”

အဲဒီတိုက်ပွဲ​တွေအတွင်း​ မြန်မာစစ်တပ်ဘက်က အထိအခိုက်အကျအဆုံး​တွေရှိခဲ့​ပြီး​ တိုက်ပွဲဖြစ်ပြီး​ မကြာမီ ပြန်ဆုတ်သွား​တယ်လို့​ ​ကေအိုင်​အေသတင်း​ရပ်ကွက်အရ သိရ ပါတယ်။

အခုလ ၁၆ ရက်​နေ့​ ​နေ့​လယ်ပိုင်း​ကစလို့​ မြစ်ကြီး​နား​- ဗန်း​မော် ကား​လမ်း​ပေါ်က နန်ဆန်ယန်​ကျေး​ရွာအနီး​မှာ တိုက်ပွဲ​တွေဖြစ်ပြီး​ အဝိုင်း​ခံ​နေရတဲ့​ ခလရ ၂၁ ကို စစ်ကူ​ပေး​ဖို့​နဲ့​ နယ်​မြေ ပြန်လည်စိုး​မိုး​နိုင်​ရေး​အတွက် မပခလက်​အောက်ခံတပ်​တွေက မ​နေ့​ကတည်း​က မြစ်ကြီး​နား​က​နေ ချီတက်လာတာဖြစ်ပြီး​ စစ်​ကြောင်း​တွေမှာ ​ပေါ်တာ အထမ်း​သမား​တွေကို အသုံး​ပြုထား​တယ်လို့​ အဆိုပါ ​ဒေသခံက ​ပြောပါတယ်။

“နှစ်ဖွဲ့​စလုံး​ လမ်း​လျှောက်လာတာ။ တပ်က​တော့​ မပခတပ်လို့​ ​ပြောတယ်။ မြစ်ကြီး​နား​ကလာတာ၊​ မ​နေ့​ညက ​ရွှေ​ညောင်ပင် အိပ်တဲ့​ အဖွဲ့​တွေ၊​ တဖက် စစ်​ကြောင်း​ကို ၁ဝဝ ​ကျော်ပါတယ် ​ပြောတယ်။ ​ပေါ်တာက ၁ဝ ​ယောက် ​ကျော် ​တွေ့​တယ်တဲ့​။ ဒီဘက် ကဇူး​ကို ဖြတ်တဲ့​ အဖွဲ့​တွေက​တော့​ ​ပေါ်တာ ၁ဝ ​ကျော်ပါတယ်တဲ့​။ အဲဒါရွာသား​တွေ မြင်လိုက်ရတာ​လေ။ ဂါး​ဒါယန်ရွာထိပ်က​နေ ဒဘတ်​ချောင်း​ကူး​ဖို့​ ကြိုး​စား​တဲ့​အဖွဲ့​တွေက​တော့​ ​ပေါ်တာဘယ်​လောက်ပါတယ် မသိဘူး​။ သူတို့​လည်း​ ​တောလမ်း​က​နေ ဖြတ်တာ။”

အခုလို တိုက်ပွဲဖြစ်​နေစဉ်မှာပဲ မ​နေ့​က ဆင်ဘိုဘက်က​နေ ချီတက်လာတဲ့​ မြန်မာ စစ်တပ်​တွေနဲ့​လည်း​ ​ကေအိုင်တပ်ဖွဲ့​အကြား​ ဧရာဝတီမြစ် အ​ရှေ့​ဘက်ကမ်း​မှာ တိုက်ပွဲ​တွေ စဖြစ်​နေပြီလို့​ သတင်း​တွေ ​ပေါ်ထွက်​နေပြီး​ သီး​ခြား​အတည်ပြုချက်​တော့​ မရ​သေး​ပါဘူး​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013