DVB Logo
Home
မြန်မာသတင်း
သေဒဏ် စီရင်ချက်အပေါ် သေဆုံးသူ ဗြိတိန် မိသားစု ထုတ်ပြန်ချက် ကွဲလွဲ
DVB
·
December 25, 2015
သေဒဏ် စီရင်ချက်အပေါ် သေဆုံးသူ ဗြိတိန် မိသားစု ထုတ်ပြန်ချက် ကွဲလွဲ
Donate to DVB

ဗြိတိသျှလူငယ်နှစ်ဦး အသတ်ခံရမှုနဲ့ ဇော်လင်းနဲ့ ဝေဖြိုး (ခေါ်) ၀င်းဇော်ထွန်းတို့ကို ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွီခရိုင် တရားရုံးက သေဒဏ်ချမှတ်လိုက်တဲ့ စီရင်ချက် အပေါ် သေဆုံးသူ ဗြိတိန် မိသားစုတွေရဲ့ ထုတ်ပြန်ချက်က ကွဲလွဲနေပါတယ်။

တရားရုံးက သေဒဏ်ချမှတ်လိုက်တဲ့ စီရင်ချက်ဟာ မျှတမှုရှိတယ်လို့ သေဆုံးသူ ဒေးဗစ်မေလာ မိသားစုတွေက ထောက်ခံပါတယ်။

သက်သေအထောက်အထားတွေကို သေချာနားထောင်ပြီးတော့ ဝေဖြိုးနဲ့ ဇော်လင်းတို့ ၂ ဦးကို စွဲဆိုထားတဲ့ သက်သေတွေက ခိုင်လုံသလို သူတို့ရဲ့ တကိုယ်ကောင်းဆန်မှုအတွက် မုဒိမ်းမှုကို ကျူးလွန်ပြီး ဒါကို ဖျောက်ဖျက်ဖို့ သတ်ဖြတ်ခဲ့တယ်လို့ ယုံကြည်တဲ့အကြောင်းလည်း ဒေးဗစ်မေလာ မိသားစုဝင်တွေက ထုတ်ပြန်ပါတယ်။

ဒါအပြင် ကနဦးက သတ်ဖြတ်တယ်ဆိုတာကို ၀န်ခံခဲ့သလို တရားမျှတမှုကို ရှောင်ရှားဖို့ ပြန်လည် ငြင်းဆန်ခဲ့တယ်ဆိုတဲ့ အချက်ကိုလည်း ထောက်ပြပြောဆိုပါတယ်။

ဒါပေမယ့် ဟန်နာ ၀စ်သ်သာမိသားစုထုတ်ပြန်ချက်မှာတော့ အမှုက ပြီးဆုံးသွားသလို အမိန့်ချမှတ်ပြီးပေမယ့် မိသားစုကတော့ အခက်အခဲနဲ့ စိတ်ခံစားချက် လေပွေတွေကြားမှာ တ၀ဲလည်လည် ရှိနေဆဲပဲလို့ ထုတ်ပြန်ပါတယ်။

တရားခွင် ဖြစ်စဉ်ဟာ အလွန်အမင်းခက်ခဲသလို တရားရုံးကို တက်ရောက်တာဟာလည်း မိသားစုအတွက် အထူးအနှောင့်အယှက်ဖြစ်ရတယ်လို့ ဆိုပါတယ်။

တရားခွင်ကို တက်ရောက်နားထောင်ရတာဟာ စိန်ခေါ်မှုတခုဖြစ်သလို နာကျင်မှုတွေနဲ့ ရှုပ်ထွေးတဲ့ သတင်းအချက်အလက်တွေကို အတော်သည်းခံနားထောင်ရတယ်လို့ ဆိုပါတယ်။

တရားရုံးရဲ့ရလဒ်ကို သုံးသပ်ဖို့နဲ့ သူတို့ရဲ့သင့်တော်တဲ့အကြောင်းအရာတွေကို ပြောဖို့ အတွက် မိသားစုအနေနဲ့ အချိန်လိုတယ်လို့ ရေးသားထားပါတယ်။

ဗြိတိန်နိုင်ငံသား ဒေးဗစ် မေလာ ၂၄ နှစ်နဲ့ ဟန်နာ ၀စ်သ်သာ ၂၃ နှစ်တို့ ၂ ဦးဟာ ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ကော့ဖငန်းမြို့နယ် ခိုတောင်ကျွန်းကို အလည်လာရင်း မနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013