DVB Logo
Home
မြန်မာသတင်း
အာဇာနည်​နေ့​ အခမ်း​အနား​ နိုင်ငံ​ရေး​ပါတီများ​ကို ဖိတ်ကြား​ခြင်း​မရှိ
DVB
·
July 18, 2011
အာဇာနည်​နေ့​ အခမ်း​အနား​ နိုင်ငံ​ရေး​ပါတီများ​ကို ဖိတ်ကြား​ခြင်း​မရှိ
Donate to DVB

ဇူလိုင်လ ၁၉ ရက်​နေ့​မှာ ကျ​ရောက်မယ့်​ ၆၄ နှစ်​မြောက် အာဇာနည်​နေ့​ အခမ်း​အနား​မှာ နိုင်ငံ​ရေး​ပါတီ​တွေကို တက်​ရောက် ဂါရဝပြုဖို့​ တိုင်း​ဒေသကြီး​အစိုး​ရအဖွဲ့​က ဖိတ်ကြား​ခြင်း​ မရှိပါဘူး​။

[caption id="attachment_12823" align="alignleft" width="310" caption="၆၃ ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဒီမိုကရက်တစ်ပါတီ (မြန်မာ) တက်ရောက် ဂါဝရပြုစဉ်"][/caption]

မနှစ်က​တော့​ ​ရွေး​ကောက်ပွဲဝင် နိုင်ငံ​ရေး​ပါတီ​တွေကို အသိအမှတ်ပြု ဖိတ်ကြား​ခဲ့​ပေမယ့်​ ဒီနှစ်မှာ​တော့​ ဖိတ်ကြား​ခြင်း​ မရှိ​တော့​တာလို့​ အမျိုး​သား​ ဒီမိုက​ရေစီအင်အား​စုပါတီရဲ့​ ​ခေါင်း​ဆောင်တဦး​ဖြစ်တဲ့​ ဦး​ခင်​မောင်​ဆွေက ​ပြောပါတယ်။

“ဒီနှစ်​တော့​ မဖိတ်ဘူး​။ တက်​ရောက်ချင်တဲ့​သူ​တွေ အ​ကြောင်း​ကြား​ပါဆိုပြီး​ သတင်း​စာမှာ ပါတယ်။ သီးခြား​ ဖိတ်တာ​တော့​ မရှိဘူး​။”

ကြံ့​ခိုင်​ရေး​ပါတီရဲ့​ ရန်ကုန်တိုင်း​ တာဝန်ခံမြို့​တော်ဝန်​ဟောင်း​ ဦး​အောင်သိန်း​လင်း​ က​တော့​ နိုင်ငံ​ရေး​ပါတီအား​လုံး​ကို ဖိတ်ကြား​မယ်လို့​ ပြည်တွင်း​ မီဒီယာ​တွေမှာ ​ပြောကြား​ထား​ပေမယ့်​ အခုလို ဖိတ်ကြား​ခြင်း​ မရှိ​တော့​တာလည်း​ ဖြစ်ပါတယ်။

ဒီလို အစိုး​ရအ​နေနဲ့​ တာဝန်ခံဖိတ်ကြား​တာမျိုး​ မရှိတဲ့​အတွက် ပါတီအ​နေနဲ့​ပဲ အာဇာနည်​နေ့​ အခမ်း​အနား​ကို ကျင်း​ပမယ်လို့​ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့​ ဥက္ကဋ္ဌ ဦး​သု​ဝေကသ ဆိုပါတယ်။

“သူတို့​က တက်ချင်ရင် စည်ပင်သာယာရုံး​မှာ သွား​ပြီး​ ကိုယ့်​ဘာသာကိုယ် ​လျှောက်ရမှာ​ပေါ့​နော်။ ​လျှောက်လွှာတင်ပြီး​မှ ​လျှောက်တဲ့​သူ​တွေက သွား​တက်​ပေါ့​။ အဲလိုမျိုး​ ​ပြောပါတယ်။ သပ်သပ် မဖိတ်ဘူး​ဗျ။ ကျ​နော်တို့​ မ​လျှောက်​တော့​ဘူး​ဗျာ။ မဖိတ်​တော့​လည်း​ မသွား​ဘူး​ပေါ့​ဗျာ။ ကိုယ့်​ပါတီမှာပါပဲ ကိုယ့်​အခမ်း​အနား​နဲ့​ကိုယ် လုပ်​တော့​မယ်။ မနက်ဖြန် ကျ​နော်တို့​ ပါတီရုံး​မှာ ပါတီဝင်​တွေ စုပြီး​တော့​ အာဇာနည်​နေ့​နဲ့​ ပတ်သက်ပြီး​ ​ဟော​ပြောတာ၊​ ​ဆွေး​နွေး​တာတို့​ ရှိမှာ​ပေါ့​ဗျာ။”

တမျိုး​သား​လုံး​နဲ့​ သက်ဆိုင်တဲ့​ အာဇာနည်​နေ့​ အခမ်း​အနား​ကို တိုင်း​ဒေသကြီး​ အစိုး​ရအဆင့်​ကပဲ ဦး​ဆောင်ပြုလုပ်ဖို့​ စီစဉ်တာဟာ ​ရွေး​ကောက်ပွဲ အနိုင်ရ ကြံ့​ခိုင်​ရေး​ ပါတီအ​နေနဲ့​ ဒီအခမ်း​အနား​အ​ပေါ် အ​လေး​အနက် မထား​တာ ဖြစ်တယ်လို့​လည်း​ ဦး​သု​ဝေက ​ဝေဖန်ထား​ပါတယ်။

“ကျ​နော်တို့​ အမြင်က​တော့​ အာဇာနည်​နေ့​ဆိုတာ အား​လုံး​နဲ့​ ပတ်သက်တဲ့​ အာဇာနည်​ခေါင်း​ဆောင်ကြီး​များ​ကို အ​လေး​ပြုချင်ကြမှာ​ပေါ့​။ အား​လုံး​ပြည်သူ​တွေက သွား​ပြီး​တော့​ အ​လေး​ပြုချင်ကြတဲ့​ပုဂ္ဂိုလ်များ​ကို ပြုနိုင်ပါတယ်။ စည်း​ကမ်း​က ဘယ်လိုဆိုတာမျိုး​ ရှင်း​ပြရင် လူထု​တွေက အများ​ကြီး​ သွား​တက်မှာ​ပေါ့​။ အခု​တော့​ တိုင်း​မြူနီစပါယ်ကပဲ ဦး​ဆောင်ကျင်း​ပမယ်လို့​ ဆိုတယ်။ ပြီး​တော့​ သူတို့​ကလည်း​ သိပ်ပြီး​တော့​ ​လေး​လေး​နက်နက်ထား​ပုံမရဘူး​ သူတို့​က။ ပြီး​တော့​ သူတို့​စီစဉ်ပြီး​ လုပ်​ပေး​မှာ​ပေါ့​။”

အခြား​ပြည်တွင်း​ ဒီမိုကရက်တစ်အင်အား​စုဝင် အချို့​က​တော့​ အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ် အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ အတူ အာဇာနည်ဗိမာန်ကို လမ်း​လျှောက်ချီတက်ပြီး​ ကျဆုံး​ခဲ့​တဲ့​ အာဇာနည် ​ခေါင်း​ဆောင်ကြီး​တွေကို ဂါရဝပြုဖို့​ စီစဉ်ထား​ကြပါတယ်။

ရန်ကုန်မြို့​မှာ​တော့​ အာဇာနည်​နေ့​ နီး​ကပ်လာတာနဲ့​အတူ လုံခြုံ​ရေး​တွေကိုလည်း​ အထူး​တင်း​ကျပ်ထား​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013