DVB Logo
Home
မြန်မာသတင်း
သေဒဏ်စီရင်ချက် လက်မခံနိုင်ဟု ထိုင်းရှေ့နေများကောင်စီဥက္ကဋ္ဌ ပြော (ရုပ်သံ)
DVB
·
December 24, 2015
သေဒဏ်စီရင်ချက် လက်မခံနိုင်ဟု ထိုင်းရှေ့နေများကောင်စီဥက္ကဋ္ဌ ပြော (ရုပ်သံ)
Donate to DVB

ကော့စမွီခရိုင်တရားရုံးက မြန်မာလူငယ်နှစ်ဦးကို သေဒဏ်ချမှတ်လိုက်တဲ့ တရားစီရင်မှုအပေါ် လက်မခံနိုင်ကြောင်း စွပ်စွဲခံ လူငယ်နှစ်ဦးဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ထိုင်းရှေ့နေများကောင်စီ ဥက္ကဋ္ဌ  ခွန်ဆုဝစ် ချွေးအုဘွန်း က ပြောကြားလိုက်ပါတယ်။

မနှစ် နှစ်ကုန်ပိုင်းက ထိုင်းတောင်ပိုင်းမှာ ဗြိတိသျှလူငယ်နှစ်ဦး အသတ်ခံရမှုနဲ့ အမှုရင်ဆိုင်ခဲ့ကြရတဲ့ စွပ်စွဲဖမ်းဆီးခံ ဇော်လင်းနဲ့ ဝေဖြိုး (ခေါ်) ၀င်းဇော်ထွန်းတို့ကို ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွီခရိုင် တရားရုံးက ဒီနေ့ သေဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ကောစမွီခရိုင်တရားရုံးက သေဒဏ်ချမှတ်လိုက်တဲ့ တရားစီရင်မှုအပေါ် လက်မခံနိုင်ကြောင်း ထိုင်းရှေ့နေများကောင်စီဥက္ကဋ္ဌက သတင်းထောက်တွေကို ပြောပါတယ်။

“ဒီတရားစီရင်ချက်အပေါ် ကျနော် လက်မခံနိုင်ဘူး၊ သဘောမတူနိုင်ဘူး။ အစကတည်းက ကျနော်တို့က လက်မခံနိုင်ဘူး။ လက်မခံနိုင်လို့ပဲ တောက်လျှောက် ရင်ဆိုင်လာခဲ့တာပေါ့။ ရှေ့ဆက်လည်း ဆက်ပြီးတော့ ရင်ဆိုင်သွားမယ်။”

မြန်မာလူငယ်နှစ်ဦးရဲ့ အမှုနဲ့ ပတ်သက်ပြီး တလအတွင်း အယူခံဝင်သွားမယ်လို့လည်း ထိုင်းရှေ့နေများကောင်စီဥက္ကဋ္ဌက ပြောပါတယ်။

မြန်မာလူငယ် ၂ ဦး လွတ်မြောက်ရေးအတွက် လူ့အခွင့်အရေးဘက်ကနေ ကူညီဆောင်ရွက်ပေးနေသူ မြန်မာရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေး ကွန်ရက်အဖွဲ့ရဲ့ အတိုင်ပင်ခံ မစ္စတာ အန်ဒီဟောကလည်း တရားသူကြီးရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ အခုလို ဝေဖန်ပြောကြားပါတယ်။

“လူငယ် ၂ ယောက်ကို သေဒဏ်ထိ အပြစ်ပေးလိုက်တယ်ဆိုတာ ကြားကြားချင်း ကျနော်တို့ အံ့သြထိတ်လန့်သွားတယ်။ တရားသူကြီးအနေနဲ့ ကလေး ၂ ယောက်ဟာ တကယ်ပဲ ကျူးလွန်သလားဆိုတာကို သံသယမထားဘူး ဆန်းစစ်မှုမပြုဘူးလို့ဘဲ ပြောချင်တယ်။ ဒါပေမယ့် ကျနော်တို့ ဆက်ပြီး အယူခံဝင်သွားပါမယ်။  ကလေး ၂ ယောက်ဘက်ကနေပြီး တရားမျှတမှု အတွက်  အစွမ်းကုန် ကြိုးစားသွားမယ်။”

ဗြိတိန်နိုင်ငံသား ဒေးဗစ် မေလာ ၂၄ နှစ်နဲ့ ဟန်နာ ၀စ်သ်သာ ၂၃ နှစ်တို့ ၂ ဦးဟာ ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ကော့ဖငန်းမြို့နယ် ခိုတောင်ကျွန်းကို အလည်လာရင်း မနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013