DVB Logo
Home
မြန်မာသတင်း
ကရင်ဒုက္ခသည် ၂၂ ဦးကို ကိုရီးယားနိုင်ငံတွင်း နေထိုင်ခွင့်ပြု
DVB
·
December 23, 2015
ကရင်ဒုက္ခသည် ၂၂ ဦးကို ကိုရီးယားနိုင်ငံတွင်း နေထိုင်ခွင့်ပြု
Donate to DVB

မြန်မာနိုင်ငံသား ကရင်အမျိုးသားဒုက္ခသည် ၂၂ ဦးကို တောင်ကိုရီးယားနိုင်ငံတွင်းမှာ နေထိုင်ခွင့်ပထမအကြိမ်အဖြစ် ခွင့်ပြုပေးလိုက်တယ်လို့ တောင်ကိုရီးယားနိုင်ငံ တရားရေး ၀န်ကြီးဌာနက ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အခုခွင့်ပြုပေးလိုက်တဲ့ ဒုက္ခသည် ၂၂ ဦးမှာ အရွယ်ရောက်ပြီးသူ ၁၁ ဦးနဲ့ ကလေး ၁၁ ဦးပါဝင်ပြီး သူတို့ဟာ ထိုင်းနိုင်ငံ၊ မယ်လဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့ကြတာဖြစ်တယ်လို့ တောင်ကိုရီးယားအစိုးရက ပြောပါတယ်။

သူတို့ဟာ တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းလေဆိပ်ကို ဒီဇင်ဘာလ ၂၃ ရက်နေ့ မှာ ရောက်ရှိလာခဲ့ကြတယ်လို့ ကိုရီးယားဂျုံအန်းဒေးလီးသတင်းစာမှာ ဖော်ပြပါတယ်။

အုပ်စုထဲမှ အသက် ၄၃ နှစ်အရွယ် ခါထူးက “ကိုရီးယားမှာရှိတဲ့ ပညာရေးဝန်း ကျင်ဟာ ထိပ်တန်းပဲလို့ ကျနော်ကြားဖူးပါတယ်။ ကျနော်ဘာကိုမှ မမျှော်လင့်ပါဘူး။ ဒါ ပေမယ့် ကျနော့်ကလေးတွေအတွက် ဆရာကောင်းကောင်းရချင်ပါတယ်”လို့ ပြောပါ တယ်။

သူဟာ ၁၉၉၃ ခုနှစ်ကတည်းက စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ဖို့ မြန်မာနိုင်ငံမှ ထွက်ခွာလာခဲ့တာပါ။

အဲဒီနောက်မှာ သူဟာ ထိုင်းနိုင်ငံတွင်း နိုင်ငံရေးခိုလှုံခွင့်တောင်းခဲ့ပြီး ဇနီး၊ ကလေး ၅ ဦး၊ ဆွေမျိုးတဦးနဲ့ အတူနေထိုင်ခဲ့တာပါ။

ထိုင်းနိုင်ငံ၊ မယ်လဒုက္ခသည်စခန်းမှာ ဒုက္ခသည်စုစုပေါင်း ၄ သောင်းကျော်ရှိပြီး ၉၃ ရာခိုင်နှုန်းကျော်ဟာ ကရင်လူမျိုးတွေဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ ၂၀၁၃ ခုနှစ်ကတည်းက ဒုက္ခသည်ဆိုင်ရာ အက်ဥပဒေကို အာရှနိုင်ငံတွေထဲမှာ ပထမဆုံး လိုက်နာအတည်ပြုခဲ့တဲ့ နိုင်ငံပါ။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ပြန်လည်နေရာ ချထားရေး အစီအစဉ်အရ ခုလိုနေထိုင်ခွင့်ပြုခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။

ကရင်ဒုက္ခသည် ၂၂ ဦးဟာ အခုလိုလက်ခံခွင့်ပြုဖို့ အဆင့်ပေါင်းများစွာ လုပ်ဆောင်ခဲ့ ကြရတာပါ။

အခုရွေးချယ်ခံရတဲ့ ဒုက္ခသည်တွေဟာ အောက်တိုဘာလတုန်းက ဆေးစစ်ဆေးမှု တွေလုပ်ခဲ့ကြရပြီး ဒီဇင်ဘာလမှာမှ ထိုင်းနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံးမှတဆင့် ခရီးထွက်ခွာခွင့် ရရှိခဲ့ကြပါတယ်။

သူတို့ဟာ အလုပ်လုပ်ကိုင်ခွင့်ဆိုင်ရာ သင်တန်းတွေ၊ ဘာသာစကားတွေကို သင်ယူခွင့်တွေ ရရှိကြမှာဖြစ်ပြီး ကိုရီးယားလူဝင်မှုကြီးကြပ်ရေးဌာနမှ ထုတ်ပေးတဲ့ အက်ဖ်-၂ ဗီဇာကို ကိုင်ဆောင်ခွင့်ရရှိကြမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကုန်အထိ အစိုးရအနေနဲ့ တောင်ကိုရီးယားနိုင်ငံတွင်း နေထိုင်ခွင့်လျှောက်လွှာ ၅၃၁ စောင်ကို အတည်ပြုပေးခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013