DVB Logo
Home
မြန်မာသတင်း
ဒေါ်​အောင်ဆန်း​စုကြည် လူငယ်များ​အပါအဝင် ဒီမိုက​ရေစီအင်အား​စုများ​နှင့်​အတူ အာဇာနည်ဗိမာန်သို့​ ချီတက်ဂါရဝပြုမည်
DVB
·
July 18, 2011
ဒေါ်​အောင်ဆန်း​စုကြည် လူငယ်များ​အပါအဝင် ဒီမိုက​ရေစီအင်အား​စုများ​နှင့်​အတူ အာဇာနည်ဗိမာန်သို့​ ချီတက်ဂါရဝပြုမည်
Donate to DVB

မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင်၊​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် အ​ထွေ​ထွေအတွင်း​​ရေးမှူး​ ​ဒေါ်​အောင်ဆန်း​စုကြည်က ဇူလိုင်လ ၁၉ ရက်​နေ့​မှာ ကျ​ရောက်မယ့်​ (၆၄) နှစ်ပြည့်​ အာဇာနည်​နေ့​ အခမ်း​အနား​ကို အဖွဲ့​လူငယ်​တွေ၊​ လူငယ်ကွန်ရက်အဖွဲ့​ဝင်​တွေ အပါအဝင် ဒီမိုက​ရေစီအင်အား​စု လူပုဂ္ဂိုလ် ၁၀၀ ​ကျော်နဲ့​ အာဇာနည်ဗိမာန်ကို ချီတက်ဂါဝရပြုမှာ ဖြစ်ပါတယ်။

[caption id="attachment_12807" align="alignleft" width="310" caption="၂၀၁၁ ဇူလိုင် ၁၂ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့်​ သူမ၏သားငယ် ကိုထိန်လင်းတို့ အာဇာနည်ကုန်းသို့​ ​လာ​ရောက် ဂါဝရပြုစဉ် (ဓာတ်ပုံ- ရိုက်တာ)"][/caption]

အဖွဲ့​ချုပ်ရုံး​မှာ မနက် ၁၁ နာရီကျင်း​ပ ပြုလုပ်မယ့်​ အာဇာနည်​နေ့​ အခမ်း​အနား​အပြီး​ အခုလိုချီတက် ဂါရပြုမှာဖြစ်ပြီး​ လက်ရှိအ​ခြေအ​နေမှာ​တော့​ သက်ဆိုင်ရာ အာဇာနည်​နေ့​ အခမ်း​အနား​ကျင်ပ​ရေး​ကော်မတီမှာ ညှိနှိုင်း​မှု​တွေ ပြုလုပ်​နေတယ်လို့​ အဖွဲ့​ချုပ် ဗဟိုပြန်ကြား​ရေး​အဖွဲ့​ဝင် ဦးဥာဏ်ဝင်း​က ​ပြောပါတယ်။

“ကျ​နော်တို့​ အခမ်း​အနား​ကို မနက် ၁၁နာရီမှာ စပါမယ်။ ​နောက် သဘာပတိက စကား​ပြောမယ်။ ​ဒေါ်​အောင်ဆန်း​စုကြည်က စကား​ပြောမယ်။ ​နေ့​ခင်း​ ၁ နာရီ​လောက်ကျရင် ကျ​နော်တို့​ ဒီမိုက​ရေစီ အင်အား​စု​တွေရယ်၊​ အာဇာနည်ကုန်း​ သွား​ပြီး​တော့​ ဂါရဝပြုမယ်။ အခုလည်း​ လိုအပ်တဲ့​ဟာ​တွေကို ကျင်း​ပ​ရေး​ကော်မတီနဲ့​ သွား​တွေ့​နေပါတယ်။ အဆင်​ပြေမှာပါ။”

တိုင်း​ဒေသကြီး​အစိုး​ရက ကျင်း​ပပြုလုပ်မယ့်​ အာဇာနည်​နေ့​အခမ်း​အနား​မှာ ​ဒေါ်​အောင်ဆန်း​စုကြည်ကို ဂါရဝပြုဖို့​ ဖိတ်ကြား​ထား​ပေမယ့်​ ချီတက်ဂါရပြုမယ့်​ အစီအစဉ်ကို အာဏာပိုင်​တွေဘက်က ပိတ်ပင်တား​ဆီး​တာ​တွေလည်း​ ပြုလုပ်လာနိုင်တဲ့​ အ​ခြေအ​နေမျိုး​တွေလည်း​ရှိ​နေပါတယ်။ ဒီအ​ပေါ်ကိုလည်း​ ဦး​ဥာဏ်ဝင်း​က ...

“ကျ​နော်တို့​က​တော့​ ဖြစ်​အောင်ကြိုး​စား​ပါတယ်။ ဖြစ်​အောင်စဉ်း​စား​ပြီး​တော့​ အုပ်စုကြီး​မျိုး​မဟုတ်ဘူး​။ လူ ၁၀၀ ​လောက်ပဲ သွား​ရောက်အ​လေး​ပြုဖို့​ စီစဉ်တာပါ။ ဒါကလည်း​ အစိုး​ရက​ပြောသလိုမျိုး​ မဖြစ်​အောင် ​ရှောင်ရှား​တဲ့​သ​ဘောပါ။”

မနက်ဖြန် မနက်ပိုင်း​မှာ​တော့​ မြန်မာ့​လွတ်လပ်​ရေး​ဖခင် ဗိုလ်ချုပ်​အောင်ဆန်း​ရဲ့​ သမီး​ဖြစ်သူ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ သား​ကြီး​ဖြစ်သူ ဦး​အောင်ဆန်း​ဦး​တို့​လည်း​ ​နေအိမ်သီး​ခြား​ဆီ အာရုံဆွမ်း​ကပ်လှူမယ့်​ အစီအစဉ်​တွေလည်း​ရှိ​နေပါတယ်။

ဒါ့​အပြင် အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ရုံး​အပါအဝင် ​ရွေး​ကောက်ပွဲဝင် နိုင်ငံ​ရေး​ပါတီအသီး​သီး​နဲ့​ မြန်မာ့​ဒီမိုက​ရေစီ​ရေး​ အင်အား​စု​တွေကလည်း​ အာဇာနည်​နေ့​ အခမ်း​အနား​တွေ ကျင်း​ပပြုလုပ်ဖို့​ အစီအစဉ်​တွေ ရှိ​နေကြပါတယ်။

ပြီး​ခဲ့​တဲ့​ တနင်္ဂ​နွေ​နေ့​ထုတ် အစိုး​ရအာ​ဘော် သတင်း​စာ​တွေမှာ​တော့​ အာဇာနည်​နေ့​ အခမ်း​အနား​ တက်​ရောက်ဖို့​ ဖိတ်ကြား​ခံထား​ရတဲ့​ ဧည့်​သည်​တော်​တွေ လာ​ရောက်နိုင်ဖို့​ လမ်း​အချို့​ကို ဒီက​နေ့​ည​နေ ၆ နာရီက​နေ စတင်ပြီး​ မနက်ဖြန် မနက် ၁၀ အထိ ပိတ်ထားမှာ ဖြစ်တယ်လို့​ ​ကြေညာထား​ပါတယ်။

ဒါ့​အပြင် အများ​ပြည်သူ​တွေကို လုံခြုံ​ရေး​အတွက် ရှာ​ဖွေစစ်​ဆေး​မှု​တွေပြုလုပ်မှာ ဖြစ်တာ​ကြောင့်​ ကြည်ဖြူစွာနဲ့​ ပူး​ပေါင်း​ကူညီကြဖို့​လည်း​ ​မေတ္တာရပ်ခံထား​ပါတယ်။ အများ​ပြည်သူ​တွေအ​နေနဲ့​က​တော့​ နံနက် ၁၀ နာရီက​နေစတင်ပြီး​ ည​နေ ၄ နာရီအထိ လာ​ရောက်ဂါရဝပြုနိုင်​ကြောင်း​ ​ဖော်ပြထား​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013