DVB Logo
Home
မြန်မာသတင်း
စစ်ပြေးဒုက္ခသည်များ အိမ်ပြန်နိုင်ရေး အစိုးရတပ်များ ဆုတ်ခွာရန် တောင်းဆို
DVB
·
December 23, 2015
စစ်ပြေးဒုက္ခသည်များ အိမ်ပြန်နိုင်ရေး အစိုးရတပ်များ ဆုတ်ခွာရန် တောင်းဆို
1 / 4
Donate to DVB

ရှမ်းပြည်နယ် လွိုင်လင်ခရိုင် မိုင်းရှူးနဲ့ မိုင်းနောင်မြို့နယ်တွင်းက စစ်ပြေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက် ဒေသထဲမှာ တပ်စွဲထားတဲ့ အစိုးရတပ်မတော်စစ်ကြောင်းတွေ ချက်ချင်းဆုတ်ခွာပေးဖို့ ရှမ်းလူမှုအခြေပြုအဖွဲ့အစည်းတွေက ဒီဇင်ဘာ ၂၃ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ဝမ်ဟိုင်းအခြေစိုက် ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ကို အစိုးရတပ်က ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းပိုင်းကစပြီး အပြင်းအထန်ထိုးစစ်ဆင်မှုကြောင့် မြို့နယ် ၂ ခုထဲက ပြည်သူ ၃ ထောင်ကျော် စစ်ဘေးရှောင်တိမ်းနေရာမှာ ၂ လကျော် ၃ လနီးပါး ရှိခဲ့ပေမယ့် ဒီနေ့ထိ အိမ်မပြန်နိုင်ကြသေးပါဘူး။

စစ်ရှောင်စခန်းကနေ လယ်ယာစိုက်ခင်းပြန်ကြည့်တဲ့ ဒေသခံပြည်သူတချို့ အစိုးရတပ်ရဲ့ ပစ်ခတ်ခြိမ်းခြောက်မှုကြောင့် သေဆုံးဒဏ်ရာရခဲ့တာရှိသလို အစုလိုက်အိမ်ပြန်သွားတဲ့ ကုန်းနိမ်ရွာသား ၅၀ ကျော်ကို နေပူထဲမှာ ၂ နာရီကြာ ဒူးထောက်လက်မြှောက်ခိုင်းပြီး ပြစ်ဒဏ်ပေးခဲ့ကြောင်း၊ ဒါ့အပြင် ကျေးရွာခြံမြေအနီးမှာမြေမြှုပ်မိုင်းတွေ မြှုပ်ထားတာကြောင့် လည်း ရွာသားတွေအနေနဲ့ အိမ်ပြန်ဖို့ အခက်အခဲရှိနေတယ်လို့ ရှမ်းလူမှုအခြေပြုအဖွဲ့အစည်းတွေက ပြောပါတယ်။

ဒေသတွင်း တိုက်ပွဲတွေရပ်စဲဖို့ အစိုးတပ်နဲ့ ရှမ်းပြည်တပ်မတော်တို့ နှစ်ဖက်လုံး ပဋိပက္ခဖြစ်ပွားရာဒေသကနေ ဆုတ်ခွါပေးဖို့  ဒီလဆန်းပိုင်းက ရန်ကုန်မြို့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနဲ့ သဘောတူချက်ရထားပေမယ့်လည်း ဒီနေ့ထိ စစ်တပ်က ဆုတ်ခွာသွားတာ မရှိသေးဘူးလို့ ဆိုပါတယ်။

လက်ရှိ မိုင်းရှူးနဲ့ မိုင်းနောင်မြို့နယ်ထဲမှာ အစိုးရတပ်ရင်း ၁၈ ခုက စစ်စခန်းပေါင်း ၂၀ ကျော် တိုးချဲ့ချထားကြောင်း၊ စစ်ရှောင်စခန်းက ပြည်သူတွေ အိမ်မပြန်နိုင်တဲ့အတွက် ရိတ်သိမ်းချိန်လွန် သီးနှံ စိုက်ခင်း ဧကထောင်ချီ ပျက်စီးကာ တနှစ်တာစားဝတ်နေရေး အခက်အခဲတွေ့ကြုံဖွယ်ရှိတယ်လို့ ရှမ်းလူမှုအခြေပြုအဖွဲ့အစည်းတွေက ပြောသွားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013