DVB Logo
Home
မြန်မာသတင်း
မေတ္တာအခြေခံပြီး ငြိမ်းချမ်းရေးဆီးကြိုမှ နိမ့်ကျအနေအထား လွတ်မည်ဟု ဦးရွှေမန်းပြော
DVB
·
December 23, 2015
မေတ္တာအခြေခံပြီး ငြိမ်းချမ်းရေးဆီးကြိုမှ နိမ့်ကျအနေအထား လွတ်မည်ဟု ဦးရွှေမန်းပြော
1 / 13
Donate to DVB

မေတ္တာကို အခြေခံပြီး ငြိမ်းချမ်းရေးကို အမှန်တကယ် ဆီးကြိုမယ်ဆိုရင် အစစအရာရာ နိမ့်ကျနေတဲ့ အနေအထားကနေ တခြားနိုင်ငံတွေနဲ့ တန်းတူရင်ဘောင်တန်းနိုင်မယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက သူ့ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားဖော်ပြလိုက်ပါတယ်။

လွှတ်တော်ဝန်းအတွင်းက သူရဲ့အိမ်ကို အင်းစိန်ခ၀ဲခြံ ခရစ်ယာန်အသင်း၊ မျက်မမြင် ခရစ်ယာန်ကျောင်း၊ ပျဉ်းမနား ခရစ်ယာန်ကျောင်းနဲ့ ရေဆင်း ခရစ်ယာန်ကျောင်းတွေက သိက္ခာတော်ရ သင်းအုပ် ဆရာကြီးတွေနဲ့  ဓမ္မတေးအဖွဲ့တွေ ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေမှာ ခရစ်တော်မွေးနေ့အကြို ဓမ္မတေးသီချင်း လာရောက်သီဆိုကြတာနဲ့ ပတ်သက်ပြီး ရေးသားခဲ့တာပါ။

ဒီနေ့ အရေးကြီးတာဟာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဖြစ်တယ်လို့ သူကဆိုပါတယ်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပျက်စီးစေမယ့်ကိစ္စတွေကို သူ့အနေနဲ့ လက်ပိုက်ကြည့်နေမှာ မဟုတ်တဲ့အကြောင်းနဲ့ အတိတ်က မှားခဲ့ကြတာ ရှိခဲ့ရင်လည်း အပြန်အလှန် ခွင့်လွှတ်ကြဖို့ လိုတယ်ကြောင်း တိုက်တွန်းပြောကြားခဲ့တယ်လို့ သူက ရေးသားထားပါတယ်။

ဒီဆုတောင်းပွဲကို ပြည်ထောင်စုလွှတ်တော်နာယကနဲ့ ဇနီး၊ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော် တို့က တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေ၊ လွှတ်တော်ရုံးတွေက ခရစ်ယာန် ဘာသာဝင် ၀န်ထမ်းတွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

ဓာတ်ပုံ-သူရဦးရွှေမန်း ဖေ့စ်ဘွတ်ခ်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013