DVB Logo
Home
မြန်မာသတင်း
အစာငတ်ခံဆန္ဒပြသူများအရေး ကော်မရှင် သတင်းထုတ်
DVB
·
December 23, 2015
အစာငတ်ခံဆန္ဒပြသူများအရေး ကော်မရှင် သတင်းထုတ်
Donate to DVB

အစာငတ်ခံဆန္ဒပြသူတွေရဲ့ ကျန်းမာရေးကို ထောင်အာဏာပိုင်၊ ထောင်ဆရာဝန်တွေ ကြီးကြပ်ကုသပေးရုံမက တိုင်းနဲ့ပြည်နယ်ဆရာဝန်ကြီးတွေကပါ ကြီးကြပ်ကုသပေးသင့်တယ်လို့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က အကြံပြုလိုက်ပါတယ်။

မြင်းခြံထောင်အတွင်း အစာငတ်ခံဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားတွေကို ထောင်အာဏာပိုင်တွေက ပြုမူဆက်ဆံပုံနဲ့ပတ်သက်ပြီး အမျိုးသားလူ့အခွင့်အရေးကော်မရှင်က သတင်းထုတ်ပြန်လိုက်ရာမှာ ခုလို အကြံပြုဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ကော်မရှင်က ထောင်အာဏာပိုင်တွေဟာ သက်ဆိုင်ရာက ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ခဲ့ခြင်းမရှိဘူးလို့ ထောက်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဒီဇင်ဘာ ၂၂ ရက် နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ သတင်းထဲမှာ မြင်းခြံထောင်အတွင်း နိုဝင်ဘာလဆန်းပိုင်းက အစာငတ်ခံဆန္ဒပြခဲ့ကြတဲ့ မုံရွာစက်မှု တက္ကသိုလ်ကျောင်းသား ကိုစိုးလှိုင်နဲ့ မြင်းခြံကောလိပ်ကျောင်းသား ကိုစည်သူမြတ်တို့ကို ထောင်ပြောင်းရာမှာ ခေါင်းကို စောင်နဲ့အုပ်ပြီး ပြောင်းခဲ့တယ်ဆိုတာ မှန်တယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမယ့် ညို့သကျည်းကို ရိုက်ခဲ့တယ်ဆိုတာကတော့ ရက်အတန်ကြာမှ တိုင်ကြားခဲ့တာ ဖြစ်လို့ သက်သေအထောက်အထား မတွေ့ရဘူးလို့ ဆိုပါတယ်။

မြင်းခြံထောင်မှာ ဖမ်းခံထားရတဲ့ မုံရွာစက်မှုတက္ကသိုလ်ကျောင်းသား ကိုစိုးလှိုင်နဲ့ မြင်းခြံကောလိပ်ကျောင်းသား ကိုစည်သူမြတ်တိုဟာ နိုဝင်ဘာ ၆ ရက်မှာ စတင် အစာငတ်ခံဆန္ဒပြခဲ့ကြပြီး အဲ့ဒီနေမှာပဲ ခေါင်းကိုစောင်နဲ့အုပ်ပြီး အဆောင်ပြောင်းခံခဲ့ရပါတယ်။ အဆောင်ပြောင်းစဉ် လမ်းတလျှောက် ညို့သကျည်းကို အုတ်ခဲနဲ့ရိုက်ပြီး အဆောင်ထဲကို တရွတ်တိုက်ဆွဲသွင်းခံခဲ့ရပါတယ်။

အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဟာ ဒီအကြောင်းတွေကို သတင်းစာဂျာနယ်တွေရဲ့ ဖော်ပြချက်အရ သိရသလို ကာယကံရှင် ကျောင်းသား ၂ ဦးရဲ့ တိုင်ကြားစာအရလည်း သိရတဲ့အတွက် အဖွဲ့ဝင် ဦးဇော်ဝင်းပါ ၃ ဦးအဖွဲ့ဟာ ဒီဇင်ဘာ ၁၇ နဲ့ ၁၈ ရက်တို့မှာ မြင်းခြံထောင်ကို သွားရောက် စစ်ဆေးခဲ့ကြတာ ဖြစ်ပါတယ်။

ကျောင်းသား ၂ ယောက်ကို သောက်ရေမပေးဘဲ ရေဖြတ်ထားခဲ့တယ်လို့ တိုင်ကြားခဲ့ပေမယ့် ထောင်ရဲ ကျန်းမာရေးအခြေပြ နေ့စဉ်မှတ်တမ်းမှာ ပြည့်စုံစွာ မဖော်ပြထားလို့ အတည်ပြုဖို့ ခဲယဉ်းခဲ့ပါတယ်။

ဒါကြောင့် ထောင်အာဏာပိုင်တွေအနေနဲ့ အစာငတ်ခံဆန္ဒပြသူတွေကို ထောင်ဆရာဝန်တွေနဲ့ နေ့စဉ်ပုံမှန်စစ်ဆေးပြီး မှတ်တမ်းထားဖို့ ကော်မရှင်က ထောက်ပြထားပါတယ်။

ဒါ့အပြင် အကျဉ်းသားတွေကို ထောင်ပြောင်းရာမှာ လူ့ဂုဏ်သိက္ခာညှိုးနွမ်းစေတဲ့ ထိတ်လန့်တုန်လှုပ်စေတဲ့ အပြုအမူတွေ မလုပ်ဖို့ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013